ကရင့်ခေါင်းဆောင်များ၏ ရုံးထုတ်သို့ သွားရောက်ဝန်းရံ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ ၂၇။ ရန်ကုန်။

ကရင့်အာဇာနည်နေ့ကျင်းပမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျောက်တံတားတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီ လုပ်ဆောင်ထားခဲ့ခြင်းကို ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုခြင်းသည် ဖိနှိပ်မှုသက်သက်ဖြစ်သဖြင့် တရားခွင်တွင် မည်သို့မျှ လျှောက်လဲချက်ပေးစရာမလိုကြောင်း တရားစွဲဆိုခံရသူများက ပြောကြားကြသည်။ ရုံးထုတ်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ၊ ဒေသအသီးသီးမှ ကရင်တိုင်းရင်းသားများ၊ ကရင့်ခေါင်းဆောင်များ၊ တိုင်းရင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများ သွားရောက်ဝန်းရံခဲ့ကြပါသည်။ တိုင်းရင်းသားအခွင့်အရေးများအား အသိအမှတ်ပြုလေးစားရန်နှင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူများအား ချက်ချင်းလွှတ်ပေးရန် မိမိတို့ပါတီ၏သဘောထားကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက သတင်းမီဒီယာများအား ပြောကြားခဲ့ပါသည်။

[ngg src=”galleries” ids=”682″ display=”basic_thumbnail”]