မအူပင်၊ မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ၊ ၂၆။ ရန်ကုန်။

မအူပင် မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဒေသရှိ လယ်ယာမြေများကို ၁၉၉၉ ခုနှစ်တွင် ရေနက်ကွင်းဖော်ထုတ်မည်ဟုဆိုကာ သိမ်းယူခဲ့ပြီး ၂၀ဝ၃၊ ၂၀ဝ၄ တွင် Orchard Company ကို ဧက ၁၀ဝ၀၊ နှစ် ၃၀ လုပ်ကိုင်ခွင့်ဂရံ ထုတ်ပေးခဲ့ကြောင်း၊ သိမ်းဆည်းခံမြေများအနက် ဘိုးဘွားပိုင်ဆိုပြီး ၄၅၀ ဧက ပြန်ရခဲ့ကြောင်း၊ ၅၅ဝ ဧက အသိမ်းခံရသည့် လယ်သမားများအနက် အယောက် ၄၀ တရားစွဲခံနေရပြီး ၁၁ ဦးထောင်ကျခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများပါ ပါဝင်ကြောင်း သိရပါသည်။ အသိမ်းခံရသည့် လယ်သမားများလက်ဝယ်ရှိ ပြေစာများကို ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်များက လဲပေးမည်ဟုပြောပြီး သိမ်းယူသွားခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်မှစ၍ အာဏာပိုင်အဆင့်ဆင့်ကို တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ကွင်းဆင်းလေ့လာမှု မရှိခဲ့ဘဲ ခြစားမှု၊ ဘက်လိုက်မှုများသာ ရှိနေသည့်အတွက် သတင်းစာရှင်းလင်းပွဲလုပ်ရခြင်းဖြစ်ကြောင်း၊ လယ်သမားများအနေဖြင့် ၎င်းတို့၏လယ်ယာမြေများကိုသာ ပြန်လည်ရရှိလိုကြောင်း ပြောကြားခဲ့ကြပါသည်။
၎င်းသတင်းစာရှင်းလင်းပွဲသို့ DPNS တောင်သူလယ်သမားရေးရာကော်မတီမှ ဦးတိုးတိုးထွန်းလည်း တက်ရောက်ခဲ့ပါသည်။

[ngg src=”galleries” ids=”681″ display=”basic_thumbnail”]