ဗိုလ်မှူးထူးထူးလေး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး – ဗဟို၏ စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးထူးထူးလေး (၇၈ နှစ်)(ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အတွင်းရေးမှူးဟောင်း) သည် ၁၇၊ ၅၊ ၂၀၂၅ နေ့က ကွယ်လွန်ခဲ့ကြောင်း ကြားသိရပါသည်။ဗိုလ်မှူးထူးထူးလေး ကွယ်လွန်ခြင်းအတွက် ဝါရင့် ကရင့်တော်လှန်ရေးခေါင်းဆောင်တဦး အဖြစ်လည်း ကောင်း၊ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မိတ်ကောင်းဆွေမွန်တဦး အဖြစ်လည်းကောင်း မိသားစုဝင်များနည်းတူ၊ ရဲဘော် လုပ်ဖော်ကိုင်ဘက်များနည်းတူ၊ ကရင်အမျိုးသားပြည်သူများနည်းတူ ဝမ်း နည်း နှမြောမိကြောင်း ဖော်ပြအပ်ပါသည်။ဗိုလ်မှူးထူးထူးလေး ကွယ်လွန်ခြင်းမှာ လူမျိုးစုံဗမာပြည်သူတို့ လက်ရှိ ဆင်နွှဲလျက်ရှိသည့် နွေဦးတော် လှန်ရေးကြီးအတွက်လည်း အားထားလောက်သည့် အရေးတော်ပုံဘက်တော်သား ရဲဘော်ကြီးတဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပါသည်။မိမိတို့ပါတီအနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်အယ်လ်အေ-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားပြည်သူတို့နှင့်တကွ လူမျိုးစုံဗမာပြည်သူလူထုကြီးနှင့်အတူ တန်းတူ လွတ်လပ် ငြိမ်းချမ်းသည့် ပြည်ထောင်စုနိုင်ငံတော်တရပ် ထူထောင် အောင်မြင်သည်အထိ […]

Continue Reading

ရဲဘော် တင်ကိုဦး ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရဲဘော် တင်ကိုဦး ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်းမြို့၌ ၃၀၊ ၁၀၊ ၂၀၂၄ ရက်နေ့ တွင် ရဲဘော်တင်ကိုဦး ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်သူ မိသားစုဝင်များ နှင့်ထပ်တူ၊ ရဲဘော်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ထပ်တူ ပါတီမှ အထူးပင် ဝမ်းနည်းစိတ်မကောင်း ဖြစ် ရပါသည်။ရဲဘော်တင်ကိုဦးသည် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးကာလမှပင် စတင်၍ စစ် အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေး တိုက်ပွဲတလျောက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါသည်။ ရဲဘော်တင်ကိုဦးသည် ပဲခူးတိုင်းအနောက်ခြမ်း ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ၊ ABSDF ကျောင်းသားတပ်မတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း စသည်ဖြင့် သမိုင်းတာဝန်များ ကို ကျရာအခန်းကနေ ဦးလည်မသုန် ထမ်းရွက်သယ်ပိုးခဲ့သူအဖြစ် မိမိတို့ပါတီက တန်ဖိုးထားစွာ ဂုဏ်ပြု […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု – ဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် (၇၊ ၁၀၊ ၂၀၂၄) ရက်နေ့ နံနက် ၃:၀၀ နာရီခန့်က ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်သူ မိသားစုဝင် များနှင့် ထပ်တူ၊ အဖွဲ့ချုပ် ပါတီဝင်များနှင့် ထပ်တူ မိမိတို့ပါတီမှ အထူးပင် ဝမ်းနည်းကြရပါသည်။ဒေါက်တာဇော်မြင့်မောင်သည် စစ်အုပ်စုက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေဖျက် သိမ်းပစ်ခဲ့သည့် ကာလတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေဖျက်သိမ်းပစ် သည့် ယခုကာလတွင်လည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ၊ မိတ်ဖက် အင်အားစုအသီးသီးနှင့် အတူ၊ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် တိုက်ပွဲဝင်ခဲ့မှုများအပေါ် မိမိတို့ပါတီက တန်ဖိုးထားစွာ မှတ်တမ်းတင်ထား မည် ဖြစ်ပါသည်။ဒေါက်တာဇော်မြင့်မောင် ကောင်းရာဘုံဘဝ ရောက်ပါစေ။ […]

Continue Reading

ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။ ကရင့်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဌဟောင်း ဆရာမနော်စီဖိုးရာစိန် (၂၄၊ ၇၊ ၂ဝ၂၄) နေ့က ဆုံးပါးကွယ်လွန်ကြောင်း ကြားသိရပါသည်။ ထို့အတွက် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ၊ ကရင့်အမျိုးသားအ စည်းအရုံး (KNU) နှင့်ထပ်တူ၊ ကရင့်အမျိုးသားထုကြီးနှင့်ထပ်တူ မိမိတို့ပါတီက များစွာ ဝမ်းနည်းကြေကွဲ ဖြစ်ရပါ သည်။၂။ ဆရာမနော်စီဖိုးရာစိန်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) တွင်လည်းကောင်း၊ ကရင့်အမျိုးသမီးအစည်း အရုံး (KWO) တွင်လည်းကောင်း၊ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးတပ်ပေါင်းစုကြီးများတွင်လည်းကောင်း ကြီး မားသည့်နိုင်ငံရေးတာဝန်များကို ကျေမွန်စွာထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်အကုန် အစင်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်၁ ရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေး တိုက်ပွဲစဉ်ကြီးအတွင်းတွင် မိမိတို့ပါတီအပါအဝင် မိတ်ဖက်အင် အားစုအသီးသီးနှင့် တက်ကြွစွာ […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ နာယကကြီး ဦးတင်ဦး ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယကကြီး ဦးတင်ဦး (၁၊ ၆၊ ၂၀၂၄) နေ့က ကွယ်လွန်ကြောင်း ကြားသိ ရပါသည်။၂။ ဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူတဦး ဖြစ်သကဲ့သို့ ဥက္ကဋ္ဌတာဝန် ကို (၂၂၊ ၁၂၊ ၁၉၈၉) အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ စတင်လျက် ပြည်သူလူ ထုဘက်သား နိုင်ငံရေးသမားတဦးအဖြစ် ကွယ်လွန်ချိန်အထိ ဖြောင့်မှန် တည်ကြည်စွာ ရပ်တည်ခဲ့သူတဦးလည်း ဖြစ် ပေသည်။၃။ မိမိတို့ ပါတီအနေဖြင့် ဦးတင်ဦးကွယ်လွန်မှုအတွက် ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင်များနည်းတူ စာနာ ဝမ်းနည်းရပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၂ဝ၂၄ ခုနှစ်၊ […]

Continue Reading

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဆရာကြီး ဦးထွန်းဝင်း ကွယ်လွန်ခြင်းအတွက် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆရာကြီး ဦးထွန်းဝင်း ကွယ်လွန်ခြင်းအတွက် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင် ရ မင်းပြားမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဆရာကြီး ဦးထွန်းဝင်း အသက် (၉၅) နှစ် သည် ၂၃ ၂၊ ၂ဝ၂၄ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း ဝမ်းနည်းစွာဖြင့် ကြားသိရပါသည်။ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထောင်ရာတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင်တဦး ဖြစ် သည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့် တိုင်းရင်းသားအရေးနှင့် နိုင်ငံ့အရေးအရာများတွင် ထဲထဲဝင်ဝင် ဦးဆောင်ခဲ့သည့် ဝါရင့် ရခိုင် နိုင်ငံရေးသမားကြီး တဦးလည်း ဖြစ်သည်။ ထို့ပြင် ဆရာကြီး ဦးဆောင်ဦးရွက်ပြုခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် […]

Continue Reading

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ဈာပနအခမ်းအနားသို့ DPNS က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး(၁၉၃၃-၂၀၁၉) ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ

Continue Reading

DPNS ရဲဘော်ဟောင်း မသင်းသင်းအေး(ခ)မမီးမီး၏ ဈာပနသို့ ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့

၂၀၁၈၊ ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် ရေဝေးသုဿန်၌ ပြုလုပ်သည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာဌာန ဒုတိယတာဝန်ခံ မသင်းသင်းအေး(ခ)မမီးမီး(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်ဟောင်း)၏ ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့ဂုဏ်ပြုခဲ့ပါသည်။

Continue Reading

ရဲဘော်တင်ရှိန်(ခ)ဦးရှိန် [၁၉၄၃-၂၀၁၈] ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ရဲဘော်တင်ရှိန်(ခ)ဦးရှိန် [၁၉၄၃-၂၀၁၈] ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ

Continue Reading