ရဲဘော်(ဦး)ဖေအောင်၏ ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့

(၅၊ ၅၊ ၂၀၁၈) နေ့က ကွယ်လွန်သွားခဲ့သူ ကိုကိုးကျွန်းပြန်နိုင်ငံရေးသမားကြီး ရဲဘော် (ဦး)ဖေအောင်၏ ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

Continue Reading

ရဲဘော်စိုးမိုး ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဝမ်းနည်းသဝဏ်လွှာ (၃၁၊ ၃၊ ၂၀၁၈)

ရဲဘော်စိုးမိုး ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဝမ်းနည်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ (၃၁၊ ၃၊ ၂၀၁၈) ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]

Continue Reading

ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၏ ဈာပနသို့ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် – အသက် ၅၆)၏ ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

Continue Reading

ဗိုလ်မှူးကြီးစောလွင်(ကယန်းပြည်သစ်ပါတီ) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာ

” ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး (၁)
ဗိုလ်မှူးကြီးစောလွင် (ခ) ဦးဌေးအောင် (၁၉၅၃ – ၂၀၁၇)
ဈာပနအခမ်းအနားသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ [၂၆၊ ၄၊ ၂၀၁၇]”

Continue Reading

“ကျွန်းပြန်ရဲဘော်ကြီး ဦးချို၏ ဈာပနအခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ”

” ကျွန်းပြန်ရဲဘော်ကြီး ဦးချို (သထုံဆောင် – သဟာယ
နှင့် စာဖတ်အသင်း ဥက္ကဋ္ဌ ၁၉၆၂) ၏ ဈာပနအခမ်း
ပါတီ၏ သဝဏ်လွှာ [၁၀၊ ၃၊ ၂၀၁၇] “

Continue Reading

လက်ပန်တောင်း အာဇာနည် ဒေါ်ခင်ဝင်း ကျဆုံးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ


Continue Reading

ဦးအောင်ထိုက်(စိတ်တိုင်းကျ) ဈာပနအခမ်းအနားသို့ ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

၂၃၊ ၉၊ ၂၀၁၆ နေ့တွင် ကွယ်လွန်ခဲ့သည့် ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု အလုပ်အမှုဆောင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ NLD ဗဟိုလူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အကြံပေး၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးအောင်ထိုက် (စိတ်တိုင်းကျ)၏ ဈာပနသို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ပေးပို့သော သဝဏ်လွှာ

၁။ မိမိတို့ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၀၁၆ ခု၊ ဇွန်လ (၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

၂။ ရဲဘော်မင်းနိုင်သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ ယခု ကွယ်လွန်ချိန်အထိ မိမိတို့ပါတီအတွက်လည်း ကောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးစုံမြန်မာပြည်သူတို့အတွက်လည်းကောင်း၊ အမိရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စံနစ် အမြစ်ပြတ် သုတ်သင် နိုင်ရေးတို့ကို တစ်ဘဝလုံးပုံ၍ အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ရင်း ပြည်သူ့သားကောင်း ပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ သော ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ရဲဘော်မင်းနိုင်၏ ဂုဏ်ပြောင်သော အားထုတ်ကြိုးပမ်းခဲ့မှု အလုံးစုံအား မိမိတို့ပါတီက လေးမြတ် ဂုဏ်ယူစွာ
မှတ်တမ်း ကမ္ဗည်းတင်အပ်ပါသည်။

၃။ မိမိတို့ပါတီသည် ရဲဘော်မင်းနိုင် တစ်သက်တာလုံး ယုံကြည် မျှော်မှန်းခဲ့သော ငြိမ်းချမ်း ညီညွတ် လွတ်လပ်သည့်
အနာဂတ်နိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်နိုင်သည်အထိ မဆုတ်မနစ် အားသွန်ကြိုးပမ်းသွားကြမည် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ပြု ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၄)ရက်။

Continue Reading

ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


အမရပူရမြို့ – တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ (ကိုပညာ – အမရပူရ)သည် ၂၀၁၆ ခု၊
မေလ (၂၁)ရက်နေ့က ပျံလွန်တော်မူကြောင်း ကြားသိရပါသည်။

အထက်မြန်မာပြည်တွင် နိုင်ငံရေးအင်အားစုများအတွက်လည်းကောင်း၊ စာပေအနုပညာအသိုက်အဝန်းအတွက် လည်းကောင်း၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းကောင်း စုစည်းရာ ဆုံဆည်းရာ တစ်ခုအဖြစ် မိမိ၏ ကျောင်းတိုက်ပုရဝဏ်၊၊ မိမိ၏ ဂုဏ်သိက္ခာနှင့်အားထုတ်မှုတို့ကို အရိပ်ကောင်းသဖွယ် ဖြစ်စေခဲ့သည့် ရဟန်းစာဆို၊ပညာရှင် ဦးပညာဇောတ၏ ကြီးစွာသော ဂုဏ်လက္ခဏာအရပ်ရပ်အား ဦးညွှတ် အရိုအသေပြုလျက် ဆရာတော်၏ အန္တိမဈာပနသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ၊ (၂၄)ရက်။

Continue Reading

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်မြို့နယ်ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်းဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

ပြည်သူ့တိုးတက်ရေးပါတီ ပြည်မြို့နယ် အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်း သည် (၁၁၊ ၂၊ ၂၀၁၆) နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် မိသားစုဝင်များနည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီကဝမ်းနည်းသဝဏ်လွှာပေးပို့အပ်ပါသည်။

မိမိတို့ ပါတီအပေါ်၌လည်းကောင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ဗမာပြည်သူလူထုကြီးအပေါ်၌လည်းကောင်း တည်ငြိမ် ရဲရင့်စွာ စွဲမြဲ ခိုင်ကြည်ခဲ့သည့် မိတ်ကောင်းဆွေမွန် ပီသသော သစ္စာစောင့်သိမှုများနှင့် တာဝန်သိသိ ဆောင်ရွက်ခဲ့မှုများအတွက် မိမိတို့ ပါတီက အစဉ် ဂုဏ်ယူ၊ မှတ်တမ်း တင်ထားမည် ဖြစ်ပါကြောင်းလည်း ဂုဏ်ပြု၊ ဖော်ပြအပ်ပါသည်.။

Continue Reading