“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနှင့် အနာဂတ်မြန်မာ့နိုင်ငံရေးလားရာ”

/ BWU / ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၂၅ ရက် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဦးဆောင်ကျင်းပသည့် အမျိုးသမီးများ နိုင်ငံရေးစကားဝိုင်းတွင် “ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနှင့် အနာဂတ်မြန်မာ့နိုင်ငံရေးလားရာ” ဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ဒေါ်နိုးနိုးထက်စံ( ဗဟိုစည်းရုံးရေးကော်မတီ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS ၊မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ) ၏ ဆွေးနွေးမှုများ

Continue Reading

“Article 33 အရေးယူမှုမှသည် စစ်အုပ်စုထွက်ပေါက်များ အားလုံးပိတ်ဆို့ရေး”

၂၅ ရက်၊ ဇွန်လ၊ ၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုကော်မတီ – ASECC က ဦးစီးကျင်းပသည့် လူထုဟစ်တိုင် စကားဝိုင်းဆွေးနွေးပွဲ “Article 33 အရေးယူမှုမှသည် စစ်အုပ်စုထွက်ပေါက်များ အားလုံးပိတ်ဆို့ရေး” တွင် ဒေါ်နှင်းနှင်းမွှေး ( တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS ) ၏ ဆွေးနွေးမှုများ

Continue Reading

“ ဤခရီး နီးပြီလား ” နွေဦးတော်လှန်ရေး (၄) နှစ်ပြည့် အထိမ်းအမှတ် ( စကားဝိုင်းဆွေးနွေးပွဲ ) Live

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၄ ရက် ဒေါ်နှင်းနှင်းမွှေးတွဲဖက်အထွေထွေအတွင်းရေးမှူး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS “ ဤခရီး နီးပြီလား ” ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF) ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ASECC) က စီစဉ်တင်ဆက်သည့် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်တွင် ဒေါ်နှင်းနှင်းမွှေး ( တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS ) ၏ ပါဝင်ဆွေးနွေးမှု နှင့် မေးခွန်းများပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်နည်းနည်းလေး တင်ပြချင်ပါတယ်။ ပြည်တွင်းစစ် ဒီလောက်ထိရှည်ကြာနေတာ ဘာကြောင့်လဲဆိုတဲ့ အချက်မှာ ဒီမိုကရေစီဆိတ်သုန်းတာနဲ့ အမျိုးသားတန်းတူခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကင်းမဲ့တာကြောင့်ဖြစ်ပါတယ်။ အဲတာ တွေနဲ့ ပတ်သက်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အစိုးရအဆက်ဆက်က တိတိကျကျဘာမှမလုပ်ခဲ့ပဲနဲ့ အကုန် အတုအယောင်တွေကြီးပဲလုပ်ခဲ့တယ်။ ဒီဘက်ခေတ် ဒီမိုကရေစီအကူးအပြောင်းခေတ်မှာ ရှိတဲ့အစိုးရ တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးနည်းနည်းရှေ့ရောက်လာတယ်လို့ ပြောလို့ရတယ်။ သို့ပေမဲ့ လိုအပ်ချက်တွေက အများကြီးပဲ ဒါကြောင့်မို့ စစ်ပွဲတွေက ဆက်ဖြစ်နေတယ်။ အထူးသဖြင့်ဆိုရင်တော့ ရခိုင်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေက တော်တော်ကြေကွဲစရာကောင်းတဲ့စစ်ပွဲတွေဖြစ်ပါတယ်။ ဒီစစ်ပွဲတွေရဲ့အကျိုးဆက်ကြောင့် အမုန်းတရားတွေ အာယာတတွေ အမျိုးသားသွေးစည်းညီညွှတ်မှု ပြိုကွဲမှုတွေ ယုံကြည်ကင်းမဲ့မှုတွေဖြစ်လာနိုင်တယ်။ မြန်နိုင်သမျှအမြန်ရပ်တန့်ဖြစ်ဖို့လိုတယ်။ ဖြေရှင်းပစ်ဖို့လိုတယ်။ အဲအချိန်မှာ တံဆိပ် ဆိုးတွေ […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား ပညာရေးဆိုတာဟာ အခွင့်ထူးခံတွေအတွက်နဲ့ မဟုတ်ဘဲနဲ့ အားလုံးအကြုံးဝင်တဲ့ ပညာရေးစနစ်တစ်ရပ် ဖြစ်ဖို့လိုအပ်တယ်လို့ ကျွန်မတို့ကယူဆတယ် လွတ်လပ်တဲ့တန်းတူညီမျှတဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးတစ်ရပ်ကို ကျွန်မတို့က မလဲမသွေတည်ဆောက်ရမှာဖြစ်ပါတယ်ကျောင်းစာသင်ခန်းပြင်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေ ကြတဲ့ကလေးသူငယ်တွေ ပညာရေးစနစ်သင်ကြားနိုင်ဖို့အတွက်ကို ကူညီပံ့ပိုးမှုများအပါအဝင် ဥပဒေများပြဠာန်းပေးဖို့လိုအပ်တယ် ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍ ကနေပါဝင်နေကြတဲ့ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ခလစာတွေတိုးမြင့်ပေးဖို့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပညာရေးအသုံးစရိတ်ကို ၈ ရာခိုင်နှုန်းကျော် သုံးစွဲနေရာကပြီးတော့၂၀ ရာခိုင်နှုန်း တိုးမြင့်သုံးဆွဲနိုင်ဖို့ ကျွန်မတို့ ဆောင်ရွက်ပေးရမယ် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်နေတဲ့လူငယ်များအတွက်ကို အသက်မွေးဝမ်းကြောင်း ပညာသင်ကြောင်းတွေကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့လိုအပ်တယ်။ စာသင်ကျောင်းတွေဟာ ကျောင်းသားဆရာမိဘများအတွက် ကိုယ်စိတ်နှစ်ပါးလုံခြုံ ဖို့အင်မတန်အရေးကြီးတဲ့အတွက်မို့လို့ covid-19 ကူးဆက်ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလမှာ ရောဂါကိုထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲနဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်ခြင်းမပြုဖို့ အစိုးရကိုကျွန်မတို့ကတိုက်တွန်းလိုပါတယ်။ […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား ဖက်ဒရယ်ဆိုတာကို ဖြည့်ပြောချင်တာဖြစ်ပါတယ် ဒါကရှေ့မျိုးဆက်စီက ကျွန်တော်တို့လက်ဆင့်ကမ်းပြီးတော့ ခံယူခဲ့တဲ့ စိတ်ကူးအိမ်မက် တန်ဖိုးထားမှု တစ်ခုလို့ဆိုရမှာပါ ဒီနိုင်ငံကိုနိုင်ငံတော် တစ်ရပ်အဖြစ်စပြီးတော့အခြေ သယ်ခဲ့တဲ့ခေါင်းဆောင်တွေစီကနေ လက်ဆင့်ကမ်းလာတာလဲဖြစ်ပါတယ် ဒါကိုလက်တွေ့အကောင်ထည်ဖော်ဖို့အတွက် မျိုးဆက်တွေနဲ့ချီပြီး ဘဝတွေအသက်တွေရင်းပြီးတော့ အားထုတ်ခဲ့ကြတယ် ကြိုးပမ်းခဲ့ကြတယ် ဒါပေမယ့် အခုလူငယ်မျိုးဆက်သစ်တွေစီကြတော့ ဒါကိုအလေးပေးတန်ဖိုးထားမှုတွေက လျော့သွားတာတွေရတယ် သူတို့တိမ်းညွတ်မှုက ကွန်ဖက်ဒရေးရှင်းတို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတို့ဖြစ်သွားပြီး ဒါဟာသမိုင်းလက်တွေ့ က စိတ်ပျက်ဝမ်းနည်းစရာကောင်းအောင် သင်ကြားလိုက်တဲ့ သင်ကြားချက်တွေကြောင့် ရုပ်တိနည်းကြလူငယ်တွေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒါကိုပြန်ပြင်ဖို့ဆိုရင် ကျွှန်တော်တို့ နိုင်ငံရေးအင်အားစုအားလုံးမှာ တာဝန်သေသေချာချာရှိတယ် ဒီအလားအလာဆိုးလက်က မျိုးဆက်တွေကို ဆယ်တင်ဖို့ဆိုရင် ဒီနိုင်ငံကိုဦးဆောင်ဦးရွက်ပြုပြီးတော့စီမံခန့်ခွဲနေသူတွေက တာဝန်အရှိဆုံး လို့ပြောချင်တယ် ဒါကိုကျွန်တော်သတိပေးချင်တာဖြစ်တယ်။ ဦးသီဟထွဋ်ခင်အထွေထွေအတွင်းရေးမှုးလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား မြန်မာနိုင်ငံဟာအနှစ်သာရရှိတဲ့ ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့(၁)လက်နက်ကိုင် ပဋိပက္ခကိုချုပ်ငြိမ်းပေးနိုင်တယ်(၂)အချက်ကတန်းတူရေးကိုဖော်ဆောင်ပေးနိုင်တယ် (၃)အချက်ကသွေးစည်းညီညွတ်ရေးကိုဖော်ဆောင်ပေးနိုင်တယ် နောက်ဆုံးအချက်ကတော့ ကျမတို့လိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု လို့ပြောတဲ့အခါမှာလဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ရှင်းရှင်းလင်းလင်းရှိဖို့ လိုတယ်အဲ့လိုရှင်းရှင်းလင်းလင်းရှိဖို့ဆိုတာကတော့ ဆွေးနွေးရမှာဖြစ်တယ် အဲ့လိုဆွေးနွေးတဲ့အခါမှာတော့ ဂတိကဝတ်တွေကို ယုံကြည်မူရှိရှိနဲ့ တည်ဆောက်တာ ဖော်ဆောင်လုပ်ဖို့ လိုတယ်အဲ့တာက ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စုရဲ့အနှစ်သာရ အက္ခရာကျတဲ့ကိစ္စရပ်ဖြစ်တယ်။ဒေါ်နိုးနိုးထက်စံဒု-ဥက္ကဋ္ဌလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

Continue Reading