အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြင့်တင်ရေးသင်တန်း တက်ရောက်

ရောင်ခြည်သစ်အဖွဲ့မှ စီစဉ်ကျင်းပသော အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြင့်တင်ရေး အဆင့်မြင့်သင်တန်းကို မန္တလေးမြို့ Perfect Hotel တွင် ၂၀၁၆၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၅ရက်တာ ကျင်းပခဲ့ပါသည်။ ၎င်းသင်တန်းသို့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်လည်း သင်တန်းတက်ရောက်ခဲ့ပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၄၊ ၉၊ ၁၆ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဆရာကြီးမွေးဖွားရာဇာတိ ရွှေတောင်မြို့၊ ဝါးလည်ရွာတွင် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန် စီစဉ်ထားရှိမှု အခြေအနေများ၊ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁ ပင်လုံ)အပေါ် အမြင်သဘောထားများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ၂၀၁၆၊ သြဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်း၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ UNFC ဥက္ကဋ္ဌ၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး၊ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့က အမှာစကားပြောကြားခဲ့ကြပါသည်။ ညီလာခံဖွင့်ပွဲအခမ်းအနားကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအပါအ၀င် ၁၇၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းလည်း တက်ရောက်ခဲ့ပါသည်။

Continue Reading

A Social Democratic Asia: Inclusive Policy Formulation Seminar သို့ တက်ရောက်

၂၀၁၆၊ ဩဂုတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည့် A Social Democratic Asia: Inclusive Policy Formulation Seminar ကို နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ ရှိ Park Village Hotel တွင် ယနေ့နံနက် ၉:၃၀ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ နီပေါကွန်ကရက်ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် နီပေါနိုင်ငံဒုဝန်ကြီးချုပ် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

ထို seminar သို့ အိမ်ရှင် နီပေါကွန်ကရက်ပါတီ ၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်ပါတီ၊ ဖိလစ်ပိုင်နိုင်ငံမှ Akbayan ပါတီ၊ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ Social Democratic Asia Network မှ အတွင်းရေးမှူးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

မိတ်ဆွေအင်အားစုများ ဆက်ဆံရေးနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

(၅ / ၂၀၁၆)

၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) သည် (၂၄၊ ၁၀၊ ၂၀၁၄) ရက်နေ့မှ စတင်၍ တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။

၂။ ၎င်းကာလမှ ယနေ့ (၂၇၊ ၈၊ ၂၀၁၆)အထိ မိတ်ဆွေအင်အားစုအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ (UNA +)၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အ ထည်ဖော်ရေးကော်မတီ၊ ပညာရေးစံနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည်တို့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ပြုခဲ့ပါသည်။

၃။ မိမိတို့အနေဖြင့် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးကို အလေးထား လေးစားသည့် သဘောထား အခြေခံ ရှိသော်လည်း အဓိကကျသော နိုင်ငံရေးသဘောထားများနှင့် ပတ်သက်၍ အထက်ပါ အင်အား စုများတွင်သာ ပါဝင် ဆောင်ရွက်မှု ရှိခဲ့ပါသည်။ အခြားသော ပါတီ၊ အစုအဖွဲ့များတွင် ယနေ့အထိ ပါဝင်ဆောင်ရွက်ခဲ့မှု တစုံတရာ မရှိခဲ့ပါ။

၎။ ယခုရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည့် စစ်မှန်သောဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(ဧရာဝတီ) အမည်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက် တရပ် ထွက်ရှိလာခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မိမိတို့ပါတီနှင့် မပတ်သက်ကြောင်း၊ အဆိုပါ အင်အားစုအတွင်း မိမိတို့ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်မှု မရှိကြောင်း မိတ်ဆွေနိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူအများ သိရှိ စေရန် ထုတ်ပြန် ကျေညာအပ်ပါသည်။

၅။ ဒေသဆိုင်ရာ ပါတီစည်းရုံးရေးကော်မတီအသီးသီးအနေဖြင့် မိမိတို့ဒေသတွင်း ဆောင်ရွက်ဖွယ် ကိစ္စရပ်များကို သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြသော်လည်း နိုင်ငံလုံးဆိုင်ရာကိစ္စရပ်များ၊ ပါတီအတွက် အဓိကကျသည့် အခြားအင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ မူသဘောဆောင်သော ထုတ်ပြန်ကျေညာမှုများ အား ပါတီဗဟိုစည်းရုံးရေးကော်မတီ၏ တာဝန်ခံမှုဖြင့်သာ ဆောင်ရွက်ကြောင်းကို အသိပေး ထုတ်ပြန်အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဩဂုတ် (၂၇) ရက်။

Continue Reading

သဘာဝသယံဇာတဘဏ္ဍာငွေ မျှဝေရေး မူကွဲများအကြောင်း ဆွေးနွေးပွဲကျင်းပ

မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်(DIPD)မှ စီစဉ်ကျင်းပသော ဖက်ဒရယ်မူဝါဒရေးရာ နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ၂၆၊ ၈၊ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သဘာဝသယံဇာတဘဏ္ဍာငွေ မျှဝေရေး မူကွဲများအကြောင်းကို ဆရာမော်ထွန်းအောင်(Natural Resource Governance Institute)က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော နိုင်ငံရေးပါတီခေါင်းဆောင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်ရုံးေးရးကော်မတီဝင် ဦးအောင်မျိုးဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁၊ ၈၊၂၀၁၆ နေ့တွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကိစ္စရပ်များအလိုက် ကျွမ်းကျင်သည့် ဗဟိုစည်းရုံးရေး ကော်မတီဝင်အချို့ကိုပါ ဖိတ်ကြား၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ)နှင့် ပတ်သက်သည့် သဘောထား၊ ရွေးကောက်ပွဲအနိုင်မရပါတီ ၇၀ အပေါ်ထားသည့် NRPC ၏ စဉ်းစားဆောင်ရွက်နေမှုအပေါ် သဘောထား၊ ၂၀၁၆ ခုနှစ် ပါတီလုပ်ငန်းစဉ်များအတွက် အချိန်ဇယားနှင့် တာဝန်ယူ ဖေါ်ဆောင်ကြမည့် ရဲဘော်များကို သတ်မှတ်တာဝန်ပေးခြင်း၊ စည်းရုံးရေးကော်မတီများ ကျစ်လျစ်ခိုင်မာရေး၊ အမျိုးသမီးများ အလုပ်အဖွဲ့ ဖော်ဆောင်ရေး၊ ပါတီစည်းရုံးရေးစာစဉ် ထုတ်ဝေဖြန့်ချိမှု စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲ

ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာအင်စတီကျု၏ မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲကို ၂၀၁၆၊ သြဂုတ်လ ၁၇ ရက်နေ့နံနက် ၉းဝဝနာရီမှ ညနေ ၄း၃ဝ နာရီထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ Wilson Hotel တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ မန္တလေးမြို့ စည်ပင် သာယာရေးကော်မတီ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများအကြား ချိတ်ဆက်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုသန့်စင်(ဗဟိုစည်းရုံးရေးကော်မတီ)၊ ကိုအောင်ရှမ်း(မြို့နယ်စည်းရုံးရေးကော်မတီ)၊ မညို(လူ့ဘောင်သစ်လူငယ်)တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading