Author: DPNS INFORMATION
ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ဆွေးနွေးပွဲ
၂၀၁၉၊ ဒီဇင်ဘာ ၁၈။ ကသာမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးသည် ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ၂၀၁၉၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ မအောင်မြင်သည့် ကသာ-မြစ်ကြီးနားမီးရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ဒေသခံများ၏ မြေယာများသိမ်းယူခံရမှု၊ သီးနှံနှင့် မြေယာလျော်ကြေး ပေးလျော်ရာတွင် ဒေသခံအာဏာပိုင်အချို့၏ မသမာမှုများနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
Continue Reading
ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲ
၂၀၁၉၊ ဒီဇင်ဘာ ၁၄- ၁၅။ မကွေး။ YSPS က စီစဉ်ပြုလုပ်သည့် ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် မကွေးတိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲမြို့နယ်တို့မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။
Continue Reading
ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး
၁၅/၁၂/၂၀၁၉။ ပေါက်ခေါင်းမြို့နယ်။ ၂၀၁၉၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်ကြီးအနောက်ဘက်ခြမ်း ကင်မွန်းခြုံကျေးရွာအုပ်စု၊ သေမသောက်ကျေးရွာတွင် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂစုစည်းရေးအဖွဲ့မှရဲဘော်များ၊ ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များ၊ ချောင်းကောင်း၊ သပြေတောင်၊ ကုန်းတန်း၊ သေမသောက်၊ ကင်မွန်းခြုံ၊ ဒွရွာတို့မှ တောင်သူလယ်သမားရဲဘော်များ စုစုပေါင်း (၃၀)ခန့် တက်ရောက်၍ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။
Continue Reading
ဘားအံမြို့နယ်ပါတီကော်မတီနှင့် တွေ့ဆုံဆွေးနွေး
၂၀၁၉၊ ဒီဇင်ဘာ ၁၄။ ဘားအံ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်ပါတီကော်နှင့် ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဘားအံမြို့၌ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပါတီက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီတည်ဆောက်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
Continue Reading
ဥပဒေပြုခြင်းဖြစ်စဉ်အား HR အခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
၂၀၁၉၊ ဒီဇင်ဘာ ၁၄- ၁၅။ မကွေး။ YSPS က စီစဉ်ပြုလုပ်သည့် ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် မကွေးတိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲမြို့နယ်တို့မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။
Continue Reading
DPNS ပါတီမူဝါဒ ဆွေးနွေးပွဲပြုလုပ်
၂၀၁၉၊ ဒီဇင်ဘာ ၁၁-၁၂။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမူဝါဒ ဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီ၏ အထွေထွေနိုင်ငံရေးသဘောထား၊ လတ်တလောလုပ်ငန်းစဉ်များ၊ ပါတီတည်ဆောက်ရေး ရေရှည်ရည်မှန်းချက်များကို တင်ပြသုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ဆွေးနွေးပွဲအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပါတီခေါင်းဆောင်များ ရဲဘော်များကြား၌ အပြန်အလှန် လေးစားတန်ဖိုးထားပြီး ပါတီ၏ မူဝါဒသဘောထားများ၊ လုပ်ငန်းစဉ်များကို ပါတီစိတ်ဓာတ်ဖြင့် အတူတကွ လက်တွဲဖော်ဆောင်ကြဖို့ အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရေကြည်၊ အင်္ဂပူ၊ ချောင်းသာ၊ မန္တလေး၊ မင်းဘူး၊ ပွင့်ဖြူ အစရှိသည့် မြို့နယ်ပါတီကော်မတီများမှ ခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
Continue Reading
မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းသင်တန်း
၂၀၁၉၊ ဒီဇင်ဘာ ၉ – ၁၂။ မုံရွာ။ DIPD က စီစဉ်ကျင်းပသည့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းသင်တန်းကို ၂၀၁၉၊ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ မုံရွာမြို့ Glorious Monywa Hotel ၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် ပါတီတွင်းရှိ အမျိုးသမီးများ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်နိုင်ရန်နှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များတွင် ထိရောက်စွာစီမံခန့်ခွဲနိုင်ရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။၎င်းသင်တန်းတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှလည်း မြင်းခြံနှင့် ယင်းမာပင်မြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
Continue Reading
ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းသားများ၏ လေ့လာရေးခရီးစဉ်
၂၀၁၉၊ ဒီဇင်ဘာ ၁၂။ ရန်ကုန်။ DPNS ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းသားများသည် ဒီဇင်ဘာလ ၁၂ရက်နေ့လည်ပိုင်းတွင် ပါတီတာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့တွင်းလေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ လေ့လာရေးအဖွဲ့ဝင်များသည် ပထမဦးစွာ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ ထိုသို့ သွားရောက်ရာတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့မှ တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဂူဗိမာန်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် ဒေါ်ခင်ကြည်၊ စုဘုရားလတ်၊ ဦးသန့်တို့၏ ဂူဗိမာန်များ၊ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်ရှိ သပိတ်မှောက်ကျောင်းသားကြီးများ၏ အထိမ်းအမှတ်ကျောက်တိုင်၊ အာဇာနည်ဗိမာန်နှင့် သွေးဆေးကန်တို့သို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။
Continue Reading
ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား
၂၀၁၉၊ ဒီဇင်ဘာ ၁၁။ နောင်ထောဝ်၊ ရှမ်းပြည်နယ်။ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ “ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့” နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နောင်ထောဝ်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လူမျိုးပေါင်းစုံ ပြည်သူများ၏ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေသဖြင့် တူညီသော ဘုံဦးတည်ချက်များရှိသည့် မိမိတို့အဖွဲ့အစည်း (၂) ဖွဲ့သည် ချစ်ကြည်ရင်းနှီးသော မဟာမိတ်များအဖြစ် လွန်ခဲ့သည့် (၂၆) နှစ်ကျော်ကာလကပင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြသည်ကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ထိုချစ်ကြည်ရင်းနှီး ပူးပေါင်းမှုကို ထိန်းသိမ်းလျက် လူမျိုးပေါင်းစုံပြည်သူများ၏ လွတ်လပ်မှု၊ တရားမျှတ တန်းတူမှုနှင့် သွေးစည်းချစ်ကြည်မှုများ တိုးတက်ခိုင်မာလာစေရေးကို နောင်အရှည်အမြင့် အတူလက်တွဲ […]
Continue Reading