ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on December 13th, 2017
၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မုံရွာမြို့၌ IRIက စီစဉ်ကျင်းပသည့် ရွေးကောက်ပွဲကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့်အခန်းကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပါတီစည်းရုံးရေးကော်မတီဝင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ၌ လာမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးမဲဆွယ်မှုဆိုင်ရာ နည်းဗျူဟာများ မည်သို့ချမှတ်သင့်ကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြစိုက်ထားသော နိုင်ငံရေးပါတီ ၁၂ ခု၏ ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on December 11th, 2017
ဦးသန့်အရေးအခင်း(၄၃)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇၊ ဒီဇင်္ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ၇၄-၇၅-၇၆ လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သူများ၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက အမှတ်တရစကား ပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှလည်း ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ဖတ်ကြားပြီး အမှတ်တရစကား ပြောကြားခဲ့သည်။ အခမ်းအနားပြီးဆုံးသည့်နောက်တွင် ဦးသန့်ဂူဗိမာန်သို့သွားရောက်၍ ဂါရ၀ပြုခဲ့ကြပါသည်။
By DPNS INFORMATION, on December 11th, 2017
၂၀၁၇ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သည့် ဦးသန့်ဈာပနလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ
By DPNS INFORMATION, on December 10th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇ ဒီဇင်္ဘာ ၁၀ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံကာ ဆားလင်းကြီးမြို့နယ်စည်းရုံးရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။
By DPNS INFORMATION, on December 10th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇၊ ဒီဇင်္ဘာ၊ ၉ ရက်နေ့ညပိုင်းတွင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတွင် ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူများ၏ သဘောထားပါဝင်ရန် လိုအပ်ပုံ၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူ့ဘောင်သစ်လူငယ်မိတ်ဆက်၊ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on December 10th, 2017
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တည်ထောင်ခြင်း ၁၈ နှစ်ပြည့်အခမ်းအနားကို ၂၀၁၇၊ ဒီဇင်္ဘာ၊ ၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ WLB ဖွဲ့စည်းပေါ်ပေါက်လာပုံနှင့် လှုပ်ရှားဆောင်ရွက်မှုသမိုင်းကို အဖွဲ့တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ဧည့်သည်တော်များကလည်း အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
[Show slideshow]
By DPNS INFORMATION, on December 9th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် ၂၀၁၇၊ ဒီဇင်္ဘာ ၉ ရက်နေ့နံနက်ပိုင်းတွင် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES) ကျောင်းသူကျောင်းသားများနှင့် လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
By DPNS INFORMATION, on December 9th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇ ဒီဇင်ဘာလ ၈ ရက်နေ့ည ၇း၀၀ နာရီမှ ၉း၀၀ နာရီအထိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဝါးစိမ်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားရပ်တည်ချက်ကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးခွန်းများကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ သပြေအေးကျေးရွာရှိ လူငယ်များ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့သည်။
By DPNS INFORMATION, on December 8th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်း တို့ပါဝင်သည့်အဖွဲ့သည် ၂၀၁၇ ဒီဇင်ဘာလ ၇ ရက်နေ့ည ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းကြောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်း၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာလူငယ်များနှင့် ဆက်စပ်ဆောင်ရွက်နေသည့် အခြေအနေများ အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍ၊ လယ်ယာမြေဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တာဝကျေးရွာရှိ လူငယ်များ၊ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on December 7th, 2017
ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် – အသက် ၅၆)၏ ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ
|