လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

သူတို့သဘောထား အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးအောင်မိုးဇော်
ဥက္ကဋ္ဌ

”လွတ်လပ်မှု ၊ တန်းတူမှု ၊ သွေးစည်းညီညွတ်မှု” ဆိုတဲ့ နိုင်ငံရေးတန်ဖိုးတွေက ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က အသေအချာကိုဆုပ်ကိုင်ပြီးတန်ဖိုးထားတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။လွတ်လပ်မှု ရှိမှ တန်းတူမှုရှိမှ ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်သွား နိုင်မှာဖြစ်သလို လွတ်လပ်မှုမဲ့ရင် တန်းတူမှုမဲ့ရင် ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဆိုတာကလည်းဘဲ အဓိပ္ပါယ်မဲ့မှာဖြစ်ပါတယ်။ဒီလိုလွတ်လပ်မှုတွေ ဒီလိုတန်းတူညီတူရှိမှုတွေကို ရရှိခံစားနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် သွေးစည်းညီညွတ်ပြီးတော့ အတူတကွတိုက်ပွဲဝင်ကြရမယ် ၊ အတူတကွရုန်းကန်ကြရမယ်ဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာ ယုံကြည်ပါတယ်။
ဦးအောင်မိုးဇော်
ဥက္ကဋ္ဌ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ