ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ်

၂၀၁၉၊ အောက်တိုဘာ ၅ – ၆ ။ မင်းဘူး။ မင်းဘူးမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများ၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူနည်းစုများ၏ အခွင့်အရေးများ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဘဏ္ဍာငွေကြေးခွဲဝေသုံးစွဲခြင်းအစီအမံများ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူ၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ်တို့မှ မိတ်ဖက်နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးဦးတည်ချက် […]

Continue Reading

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ

၂၀၁၉၊ အောက်တိုဘာ ၆။ မင်းဘူး။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် ဆွေးနွေးပွဲကို ၂၀၁၉၊ အောက်တိုဘာ ၆ ရက်နေ့တွင် မင်းဘူးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူငယ်မိတ်ဆက်ကို လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ မအိသဉ္ဇာမောင်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ရေရှည်ရည်မှန်းချက် ၅ ရပ်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ပါတီ၏ အခန်းကဏ္ဍကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မကွေး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူမြို့နယ်တို့မှ ပါတီမိတ်ဆွေများ၊ DPNS ပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် တွင် SNLD ဒုဥက္ကဋ္ဌ(၁) ဦးစိုင်းညွန့်လွင်၏ အမှတ်တရစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ဦးစိုင်းညွန့်လွင် က အမှတ်တရစကား ပြောကြားခဲ့ပါသည်။အောက်တိုဘာ ၁၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။

Continue Reading