ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

July 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၂)

စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၂)

မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲပထမနေ့ သို့တက်ရောက်

မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲပထမနေ့ကို ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

DPNS နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အဖွဲ့ တို့တွေ့ဆုံဆွေးနွေး

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့သည် ၂၀၁၈ မတ်လ ၁၄ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင်များ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခင်းအကျင်းအတွင်း လှုပ်ရှားဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ စိန်ခေါ်မှုများနှင့် အတူလက်တွဲဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူးဦးညိုဝင်း(ရွှေကျင်)၊ ကျဆုံးခြင်း ၂၇ နှစ်ပြည့်အခမ်းအနား သို့တက်ရောက်

ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးညိုဝင်း(ရွှေကျင်) အင်းစိန်အကျဉ်းထောင်တွင်းကျဆုံးခြင်း ၂၇ နှစ်ပြည့်အခမ်းအနားကို ကျန်ရစ်သူမိသားစုက ၂၀၁၈ မတ်လ ၈ ရက်နေ့တွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးညိုဝင်း၏ဇနီး ဒေါ်စန်းပွင့် ပြည်သူ့တိုးတက်ရေးပါတီအတွင်းရေးမှူး ဦးလှရွှေ ကျွန်းပြန်ရဲဘော်ကြီး ဦးဖေအောင်နှင့် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂမှ ဆရာထက်မြက်တို့က အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။အခမ်းအနားသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ မှိုင်းငြိမ်းကွန်ရက် ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးညိုဝင်းကိုချစ်ခင်လေးစားကြသူများ တက်ရောက်ခဲ့ကြပါသည်။

ပါတီဝင်အသစ်​များ စီစစ်​လက္ခံခြင်း နှင့်​ နှစ်​လပြည့်​ ​ပါတီ​ကော်​မတီဝင်​များ ​တွေ့ဆုံပွဲ ဇီးကုန်းမြို့နယ်၊ပဲခူးတိုင်းဒေသကြီး

DPNS အမျိုးသမီးလုပ်ငန်းကော်မတီ သတင်းစာရှင်းလင်းပွဲ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ-WWC ၏ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈၊ မတ်လ ၅ ရက်၊ နေ့လည် ၃း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW)၏ အပိုဒ် ၂၉ အား ခြွင်းချက်အဖြစ် ချန်လှပ်မထားဘဲ အစိုးရမှ လက်မှတ်ရေးထိုးရန် WWC က တိုက်တွန်းတောင်းဆိုခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသမီးထု၏ လက်ရှိအခြေအနေကို ဒေါ်နှင်းနှင်းမွှေး(WWC အကြံပေး)ကလည်းကောင်း၊ CEDAW ပါ အချက်အလက်များကို ဒေါ်နိုးနိုးထက်စံ(WWC အဖွဲ့ဝင်)ကလည်းကောင်း၊ မည်သည့်အတွက်ကြောင့် အစိုးရအား တိုက်တွန်းတောင်းဆိုရသည်နှင့် လက်ကမ်းစာစောင်ဝေငှသည့် လှုပ်ရှားမှုအခြေအနေကို မသက်ဇွန်လင်းထင်(WWC ဆက်သွယ်ရေးတာဝန်ခံ)ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အစီအစဉ်အကျိုးဆောင်အဖြစ် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံက ဆောင်ရွက်ပေးခဲ့ပါသည်။

 
 
 
 
 
 
 

(CEDAW) စာချုပ်ပါ အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရေး မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုသည့်လှုပ်ရှားမှု

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW) အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရေး မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုသည့်လှုပ်ရှားမှုကို ၂၀၁၈၊ မတ်လ ၅ ရက်နေ့တွင် လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်၊ ရေကြည်၊ ဆားလင်းကြီး၊ မြင်းခြံ၊ ပြည်၊ အသုတ်၊ တံတားဦးမြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ DPNS ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များက နံနက် ၁၀း၀၀ နာရီအချိန်တွင် အဆိုပါမြို့နယ်အသီးသီးရှိ လူစည်ကားရာနေရာများ၌ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေး သို့တက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၈ မတ်လ ၁ ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မတ်လ ၂၃ ရက်နေ့၌ ကျရောက်မည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပရေးအတွက် အစီအစဉ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

DPNSဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့ နှင့် ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဝင်များ ပုသိမ်မြို့နယ်တွင် ဆွေးနွေးပွဲ ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပုသိမ်မြို့နယ်ရှိ ဧရာဝတီတိုင်းရုံးတွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ ၂၀၁၈ လုပ်ငန်းစဉ်လျာထားချက်များ၊ ပါတီတည်ဆောက်ရေးလုပ်ငန်းများ၊ ဒေသတွင်း အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ပုသိမ်၊ ရေကြည်၊ ချောင်းသာ၊ ငပုတော၊ လပွတ္တာမြို့နယ်တို့မှ စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဗဟိုစည်းကော်မတီနှင့် ရေကြည်မြို့နယ်စည်းကော်မတီ အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဦးဆောင်သည့် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်နှင့် ဦးတိုးတိုးထွန်းတို့က ပါတီမူဝါဒနှင့် ဖွဲ့စည်းပုံ၊ ၂၀၁၈ အတွင်း လုပ်ငန်းလျာထားချက်များနှင့် လတ်တလောနိုင်ငံရေးအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီမိတ်ဆက်နှင့် ရှေ့လုပ်ငန်းစဉ်ကို မသက်ဇွန်လင်းထင်ကလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မစိမ့်အိစံကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရေကြည်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစောအောင်နှင့် ကော်မတီဝင်များက ဒေသအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။