၅၆ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနား

ပါတီလှုပ်ရှားမှုများ

၇၊ ၇၊ ၂၀၁၈ တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် တကသမြက်ခင်းပြင်ရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်၌ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။
အခမ်းအနား၌ ၇-ဇူလိုင်တွင် ကျဆုံးခဲ့သည့် ကျောင်းသားရဲဘော်များအား ဦးညွှတ်အလေးပြုပြီးနောက် ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့ကလည်း သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”442″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]