ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား

ပါတီလှုပ်ရှားမှုများ

ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားများ တက်ရောက်ခဲ့ကြပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂမှ ရဲဘော်ဖိုးကျော် ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ ဦးဝင်းသူ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကို၊ ဗကသများအဖွဲ့ချုပ်မှ ကိုကောင်းထက်ကျော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးသီဟ၊ အလုပ်သမားအရေး လယ်သမားအရေး လူထုလူတန်းစားအရေးဆောင်ရွက်ကြသော ဘိုကလေးဦးအောင်မြင့် ၊ ဆရာချစ်တို့က အသီးသီး ဂုဏ်ပြုစကားပြောကြားခဲ့ကြပါသည်။ တက်ရောက်လာသည့် အလုပ်သမားများက လတ်တလောကြုံတွေ့နေရသော အခက်အခဲများအား တင်ပြခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”443″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]