ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး

ပါတီလှုပ်ရှားမှုများ

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ ဇူလိုင်လ ၉ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးတွင် မေလအတွင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ အဆက်အဖြစ် ရန်ကုန်တွင်လည်း ငြိမ်းချမ်းရေးလူထုနှီးနှာဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။