ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၆၊ ၁၀၊ ၂၀၂၄) ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။SNLD ခေါင်းဆောင်များ၊ ပါတီဝင်များအားလုံး ကျန်းမာဘေးကင်းကြပါစေ၊ ရွှင်လန်းချမ်းမြေ့ ရှိကြပါစေ ကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၃၆ နှစ်တာ ဖြတ်သန်းမှုသမိုင်းတလျှောက် အသက်များ၊ ဘဝ များ ပေးဆပ်ခဲ့ကြသည့် SNLD ခေါင်းဆောင်များ၊ ပါတီဝင်များအားလုံးကိုလည်း လေးစားတန်ဖိုးထားစွာ ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကာလတွင်လည်း ကောင်း၊ ယနေ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) ကာလတွင်လည်းကောင်း ညီနောင်ပါတီအဖွဲ့အစည်းများနှင့် စုပေါင်းခေါင်းဆောင်မှုရှိစွာ၊ […]
Continue Reading