ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on June 23rd, 2018
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့တွင် အင်းစိန်မြို့ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ဆရာသမဂ္ဂများ၏ အခန်းကဏ္ဍ ဟူသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
By DPNS INFORMATION, on June 22nd, 2018
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေးကို ၂၀၁၈၊ ဇွန်လ ၂၂ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် လုပ်ငန်းအဖွဲ့များ၏ ၆ လတာအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးလည်း အစည်းအဝေးတက်ရောက်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍအကြောင်း ဟောပြောဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ဒေါက်တာသိန်းလွင်နှင့် Ms Helen Dabu တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 18th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်ဦးဆောင်သောအဖွဲ့သည် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ၂၀၁၈ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြင်းခြံမြို့နယ်၏စည်းရုံးရေးအခြေအနေများ၊ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on June 14th, 2018
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကော်မရှင်၏သဘောထား၊ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေများကို ပြောကြားတင်ပြခဲ့ပါသည်။ တက်ရောက်လာသည့် ပါတီကိုယ်စားလှယ်များကလည်း ရွေးကောက်ပွဲဆိုင်ရာ သဘောထားအမြင်များ အကြံပြုချက်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။
By DPNS INFORMATION, on June 6th, 2018
ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဗကသများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်သားဟောင်းများနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းသားများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာများပေးပို့ခဲ့ကြပြီး ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on June 5th, 2018
(၄၄) နှစ်မြောက် ဇွန် – ၆ အလုပ်သမားသပိတ် နှစ်ပတ်လည်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ (၆၊ ၆၊ ၂၀၁၈)
By DPNS INFORMATION, on June 5th, 2018
တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF) အစည်းအဝေးကို ၂၀၁၈ ဇွန်လ ၅ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)အား ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 3rd, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် လူမှုဖူလုံရေးမူဝါဒဖော်ဆောင်ရေး ဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ လူမှုဖူလုံရေးနယ်ပယ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ၊ စိန်ခေါ်မှုများ၊ ပြုပြင်ပြောင်းလဲသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on June 2nd, 2018
ရဲဘော်တင်ရှိန်(ခ)ဦးရှိန် [၁၉၄၃-၂၀၁၈] ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ
By DPNS INFORMATION, on June 1st, 2018 စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၃)၊ ဇွန်လ၊ ၂၀၁၈။
|