DPNS မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းခြင်း

၂၂၊ ၈၊ ၂၀၁၉။ မန္တလေး။ မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းသည့်အစည်းအဝေးကို ၂၀၁၉၊ သြဂုတ်လ၊ ၂၂ ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ပါသည်။ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ တံတားဦးနှင့် ဌာနချုပ်ရဲဘော်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ တိုင်းကော်မတီဖွဲ့စည်းရေး ပြင်ဆင်ဆောင်ရွက်ခဲ့ပုံများကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းတင်ပြခဲ့ပြီး မန္တလေးတိုင်းရဲဘော်များကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် မန္တလေးတိုင်းကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ကြပြီး တိုင်းရုံးဖွင့်လှစ်ရေး အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မူဝါဒ ရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

၂၂၊ ၈၊ ၂၀၁၉။ သံလွင်ပါရာဒိုက်ဟိုတယ်၊ ဘားအံမြို့။IRI မှ စီစဉ်ပြုလုပ်သည့် မူဝါဒရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် ဘားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသည့် ဒေသအသီးသီးမှ အဖွဲ့အစည်းများ တွေ့ဆုံပွဲနှင့် သတင်းစာရှင်းလင်းပွဲ

ကွန်မြူနတီစင်တာ၊ မန္တလေးမြို့။ ၂၀၁၉၊ သြဂုတ်၊၂၂။ မန္တလေးမြို့၊ ကွန်မြူနတီစင်တာတွင် လယ်သမားအရေးဆောင်ရွက်နေသော ဒေသအသီးသီးမှ အဖွဲ့အစည်း များက တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၂၊၈၊၂၀၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း(ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ)၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်(မြင်းခြံမြို့နယ် တောင်သူလယ်သမားအရေး လှုပ်ရှားသူများ)တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအသီးသီးက တောင်သူလယ်သမားများ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲများ၊ ဆင်းရဲဒုက္ခများ၊ အဖိနှိပ်ခံနေရမှုများ၊ လူ့အခွင့်အရေးအချိုးဖောက်ခံနေရမှုများ၊ အကာအကွယ်မဲ့နေမှုများ၊ လယ်မြေယာမြေ အသိမ်းဆည်းခံနေရမှုများ၊ မတရားဖမ်းဆီး၊ တရားစွဲ၊ ဝရမ်းထုတ်၊ ထောင်ချခံနေရမှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်၍ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ဒေသအသီးသီးမှ တောင်သူလယ်သမားများ အတိဒုက္ခရောက်နေရခြင်းများသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားနည်းသည့် စီမံကိန်းများ၊ အာဏာပိုင်အဆင့်ဆင့်နှင့် […]

Continue Reading

UNA Plus အလုပ်အဖွဲ့ အစည်းအဝေး ပြုလုပ်

၂၂၊ ၈၊ ၂၀၁၉။ UNA ရုံး။ ၂၀၁၉၊ သြဂုတ်လ၊ ၂၂ ရက်နေ့ နံနက် ၁၀းဝ၀ နာရီမှ ညနေ ၄းဝ၀ နာရီအထိ UNA plus အလုပ်အဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့ရှိ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ အလုပ်အဖွဲ့ဝင်ဖြစ်သည့် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးအလားအလာနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading