၁၂၇ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနား

ပါတီလှုပ်ရှားမှုများ

၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းအနားကို ၁-၅-၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အလုပ်သမားအခွင့်အရေးများအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့် အလုပ်သမားရဲဘော်များအား အလေးပြု၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးကျော်မျိုးက အဖွင့်စကားပြောကြားပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။ ကိုကျော်ကိုကိုက မေဒေးနေ့သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”195″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]