NNER အလုပ်အဖွဲ့အစည်းအဝေး ကျင်းပ

ပါတီလှုပ်ရှားမှုများ

NNER အလုပ်အဖွဲ့အစည်းအဝေးကို ၉-၃-၁၇ ရက်နေ့ ညနေပိုင်းက NNER ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌

(၁) လားရှိုးတွင်ပြုလုပ်ခဲ့သည့် ပညာရေးဆွေးနွေးပွဲ အကြောင်း ပြန်လည်ရှင်းလင်းတင်ပြခြင်း၊

(၂) မတ်လနှင့် ဧပြီလများအတွင်း ပြုလုပ်မည့် NNER မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများနှင့် ခရီးစဉ်များ၊

(၃) Cso Forum တွင်NNER ပါဝင်ဆောင်ရွက်နေမှု အခြေအနေ၊

(၄) NNER ကိုယ်စားပြုကော်မတီ အစည်းအဝေးနှင့် တတိယအကြိမ်ညီလာခံကျင်းပရေး၊

(၅) အမျိုးသားပညာရေးမူဝါဒ(NESP) အပေါ်သဘောထား စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။