NNER ပညာရေးမူဝါဒဆွေးနွေးပွဲနှင့် တနင်္လာရီတိုင်းကွန်ရက်ဖွဲ့စည်းခြင်း

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ၂-၄-၁၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ၊ မြိတ်ခရိုင်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ၊ LGBT၊ အလွတ်ပညာသင်ကျောင်းဆရာများ၊ မြန်မာနိုင်ငံ ဆရာ ဆရာမများအဖွဲ့ချုပ်၊ ၈၈ – ငြိမ်း/ပွင့်၊ တောင်သူများသမဂ္ဂ၊ ဘကကျောင်းဆရာများ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ နံနက်ပိုင်းတွင် NNER ၏ ပညာရေးမူဝါဒများကို ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြ၍ တနင်္သာရီတိုင်းဒေသကြီး NNER ကွန်ရက်အား ဖွဲ့စည်းခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”180″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]