NNER တတိယအကြိမ်ညီလာခံ ကျင်းပရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

NNER (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) တတိယအကြိမ်ညီလာခံ ကျင်းပရေးအတွက် ဒုတိယအကြိမ်မြောက် အကြိုညှိနှိုင်းအစည်းအဝေးကို မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမတွင် ၁၉၊၄၊၁၇ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် NNER ညီလာခံနှင့် ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပမည့် မေလ ၄၊ ၅၊ ၆ ရက်နေ့များအတွက် အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ မွန်ဒေသခံ ပညာရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ ပညာရေးဝန်ထမ်းဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ်ဆရာ ဆရာမများသမဂ္ဂ၊ NNER ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ စုစုပေါင်း ၆၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”188″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]