၁၂၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉ ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်သည့် ၁၂၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် တို့မျိုးဆက်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီတို့မှ ဦးစီးကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မေဒေးနေ့ အမှတ်တရစကားပြောကြားရာတွင် အလုပ်သမားအခွင့်အရေးများရရှိရန်အတွက် အစိုးရကို အားကိုးနေ၍မရကြောင်း၊ မိမိတို့အခွင့်အရေးအတွက် မည်သူ့ကိုမျှ အားကိုး၍ မရနိုင်ဘဲ မိမိတို့ဘာသာ တိုက်ယူရမည်ဖြစ်သဖြင့် အလုပ်သမားထု သွေးစည်းညီညွတ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သေးသည့်အခြေအနေ မဟုတ်ကြောင်း၊ အလုပ်သမားအခွင့်အရေးတိုက်ပွဲများသည် ဒီမိုကရေစီရေးရုန်းကန်မှုနှင့် တဆက်တစပ်တည်း ရှိနေသဖြင့် အလုပ်သမား၊ လယ်သမားနှင့် အခြားအင်အားစုအသီးသီး၏ သွေးစည်းညီညွတ်မှုသည် သော့ချက်ကျကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာကိုလည်း ပေးပို့ဖြန့်ဝေခဲ့ပါသည်။

ဓာတ်ပုံ- တို့မျိုးဆက်ကွန်ရက်

[ngg src=”galleries” ids=”569″ display=”basic_thumbnail”]