“အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး” မြန်မာ့နွေဦးစကားဝိုင်း

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ အောက်တိုဘာ ၂၀။ရန်ကုန်။
=====================================

“အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သော မြန်မာ့နွေဦးစကားဝိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် အမျိုးသမီးများ ရွေးကောက်ပွဲတွင် ပါဝင်လာနိုင်ရေးအတွက် ယာယီ အထူးလုပ်ဆောင်မှု affirmative action ကို လုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊ မူဝါဒများသည် စာရွက်ပေါ်မှာ ရှိရုံသာမကဘဲ အမှန်တကယ် အလုပ်လုပ်နိုင်ရန် gender budgeting အရေးကြီးကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရိုးရာဓလေ့ထုံးတမ်းများကို ကျော်၍မရသေးဘဲ ပဒေသရာဇ်လူ့အဖွဲ့အစည်း ဖြစ်နေဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီဝန်းကျင် ခိုင်မာရမည့်အစား နေရာတကာတွင် စစ်ဝါဒ လွှမ်းမိုးနေကြောင်း၊ စစ်ဝါဒသည် မဟာဖိုဝါဒ၏ အဓိကလက္ခဏာဖြစ်ကြောင်း၊ စစ်ဝါဒကိုဖယ်ရှားပြီး ဒီမိုကရေစီဝန်းကျင်ကိုဖော်ဆောင်ရမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

[ngg src=”galleries” ids=”706″ display=”basic_thumbnail”]