ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုခရီးစဉ်

ပါတီလှုပ်ရှားမှုများ

ဦးငွေလင်းနှင့် ဒေါ်နှင်းနှင်းမွှေး(DPNS)၊ ကိုကောင်းထက်ကျော် (ABFSU)၊ ဦးထွန်းဝင်းငြိမ်း(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုသီဟဝင်းတင်(SDUF) တို့သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုခရီးစဉ်အဖြစ် ၁၆-၂-၁၇ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ ထိုနေ့ နံနက်ပိုင်းတွင် ကလလတခေါင်းဆောင်များနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌနှင့်လည်းကောင်း၊ ၁၇-၂-၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကရင်နီပြည် လူငယ်များသမဂ္ဂ တာဝန်ရှိသူများနှင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကယန်းမျိုးဆက်သစ်လူငယ် ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး လက်ရှိအခြေအနေများကို ဆွေးနွေးသုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကယန်းအမျိုးသားခေါင်းဆောင်ကြီး ဦးရွှေအေး၏ဇနီးကိုလည်း သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါသည်။