ပါတီဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၉ ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ပါတီဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၉ ကို ဇန်နဝါရီလ ၁၄ – ၁၅ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၈၊ ဒီဇင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ပထအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ရလဒ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ တင်ပြချက်နှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြအစီရင်ခံခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီဝင်များက ပါတီတည်ဆောက်ရေး၊ စည်းရုံးရေးလုပ်ငန်းများအပါအဝင် အခြေခံလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”536″ display=”basic_thumbnail”]