ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆၊ ဩဂုတ်လ ၁၄ ရက်နေ့က မကွေးမြို့၊ ကပ်ကျော်ပညာပါရမီကျောင်း၌ ပြုလုပ်ခဲ့ရာ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် NNER၏ ပညာရေးမူဝါဒများကို ပြည်သူလူထုကြား၌ ပိုမိုသိရှိနားလည် လက်ခံလာနိုင်စေရန် တိုက်တွန်းနှိုဆော်သည့် သင်တန်းများပြုလုပ်ရာတွင် ကိုင်စွဲရမည့် သင်ရိုးညွှန်းတမ်းအခြေခံမူများကို ဆွေးနွေးခဲ့ကြပါသည်။ NNER လုပ်ငန်းအဖွဲ့နှင့် ပြည်နယ်-တိုင်း ကွန်ရက်များ၏ လက်ရှိအခြေအနေများ၊ အခက်အခဲများ၊ ဆောင်ရွက်ထားရှိချက်များကိုလည်း အသီးသီး တင်ပြခဲ့ကြပြီး အောက်တိုဘာ ၆ လပတ် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့် အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။