ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၂၂- ၇- ၁၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရန်ကုန်၊ မှော်ဘီ၊ ပြည်ခရိုင်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက ငြိမ်းချမ်းရေးရရှိရန်အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူအရ တန်းတူမှု၊ အပြန်အလှန်လေးစားမှုတို့ကို အခြေခံကာ စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် လိုအပ်ကြောင်း၊ မိုင်ဂျာယန်ဆွေးနွေးပွဲနှင့် ၂၁ ရာစု ပင်လုံညီလာခံတို့သည် ငြိမ်းချမ်းရေးအတွက် လွန်စွာအရေးကြီးကြောင်း၊ ညီလာခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း၊ ညီလာခံရလဒ်ကို အခြေခံ၍ ၂၀ဝ၈ အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေး အခြေခံအုတ်မြစ်အဖြစ် ဆက်လက်သယ်ဆောင်နိုင်မှသာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။