ဇီးကုန်း၊ သဲကုန်း၊ ပေါင်းတည် ပါတီဝင်များနှင့် တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ၂၀၁၉၊ မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ပါတီ၏ နိုင်ငံရေးဦးတည်ချက် ၅ ရပ်၊ ပါတီတည်ဆောက်ရေး ရည်မှန်းချက် ၅ ရပ်၊ လတ်တလောလုပ်ငန်းစဉ် ၃ ရပ်တို့ကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် ပါတီလုပ်ငန်းစဉ်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်ကလည်းကောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဇီးကုန်း၊ သဲကုန်း၊ ပေါင်းတည်မြို့နယ်တို့မှ DPNS ရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ငြိမ်းချမ်းရေးဗိမာန်၌ ၂၀၁၉၊ မေလ ၁၀ ရက်နေနှင့် ၁၁ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ပထမ ရက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးသီချင်း သီဆိုဖွင့်လှစ်ခြင်း၊ ဂုဏ်ပြုအမှတ်တရစကား ပြောကြားခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ အမှတ်တရ ကဗျာရွတ်ဆိုခြင်း၊ ရသအစုံအဆန် ရေးသူဖတ်သူစုံဆန်ပွဲ အစီအစဉ်များဖြင့် လည်းကောင်း၊ ဒုတိယနေ့တွင် အမှတ်တရ ကဗျာများရွတ်ဆိုပြီး စာတမ်းများ ဖတ်ကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ […]

Continue Reading

SYCB ကျောင်းသားလူငယ်အဖွဲ့ လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB) အတွင်းရေးမှူး ကိုခွန်းထက်စိုးနှင့် ခေါင်းဆောင်များသည် ၂၀၁၉၊ မေလ၊ ၈ ရက် နေ့လည်ပိုင်းတွင် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအား ပါတီဌာနချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် SYCB ၏ စုဖွဲ့မှုအခြေအနေ၊ တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ လက်ရှိ လုပ်ဆောင်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီခေါင်းဆောင်များကလည်း ပါတီဖြတ်သန်းမှုသမိုင်းအကျဉ်းနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ SYCB ပိုမိုခိုင်မာအားကောင်းလာရေးအတွက် ဆောင်ရွက်သင့်သည်များကိုလည်း ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ SYCB ကို ၁၉၉၆ တွင် စတင် ထူထောင်ခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားလူငယ်အဖွဲ့ပေါင်း ၁၁ ဖွဲ့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

Continue Reading

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားတက်ရောက်

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲကို ၂၀၁၉၊ မေလ၊ ၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနာတွင် ၁၉၆၂၊ ၁၉၇၄-၇၅၊ ၁၉၈၈၊ ၁၉၉၆ ကျောင်းသားသမဂ္ဂမျိုးဆက်များက ၎င်းတို့၏ သဘောထားအမြင်များကို တင်ပြခဲ့ကြပါသည်။ DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်း ၁၉၇၄-၇၅ ကျောင်းသားများကိုယ်စား တခုတည်းသော ဗကသများအဖွဲ့ချုပ် ဖြစ်ထွန်းပေါ်ပေါက်ရေး သဘောထားအမြင်နှင့် လုပ်ဆောင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

Continue Reading

ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များနှင့် ၂၀ဝ၈ ခြေ/ဥ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာများ ဆွေးနွေး

ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များသည် မေလ ၇ ရက်နေ့တွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဘက်များက ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲမှ စုစည်းရရှိချက်များ၊ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ပါတီတာဝန်ရှိသူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရ ပြောင်းလဲရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

SYCB ၏ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ လူငယ်စွမ်းရည်မြှင့်တင်ရေး Youth Training Center (YTC) သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ မေ ၅ ရက်နေ့ ညနေပိုင်းတွင် SYCB ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မိတ်ဖက်လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားလူငယ်အင်အားစုများ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ ကျောင်းသားဟောင်းနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုမျိုးစောတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ဦးတိုးတိုးထွန်းက အမှတ်တရစကား ပြောကြားရာတွင် SYCB ၏ သမိုင်းကြောင်း၊ မူဝါဒနှင့် ဦးတည်ချက် လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာပုံ၊ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သွေးစည်းချစ်ကြည်ရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့အတွက် SYCB […]

Continue Reading

အလုပ်သမားအရေး လှုပ်ရှားနေသော အဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ အလုပ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးငွေလင်း၊ ရန်ကုန်တိုင်း အလုပ်သမားရေးရာကော်မတီဝင် ဦးမျိးထွဋ်တို့သည် ၂၀၁၉၊ မေလ ၅ ရက် နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ တို့မျိုးဆက်ကွန်ရက်ရုံးသို့ သွားရောက်၍ We Generation Network၊ All Myanmar Trade Unions Network တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အလုပ်သမားဥပဒေများ၏ အားနည်းချက်ကြောင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာနေရမှုများ၊ အလုပ်သမားထု သွေးစည်းညီညွတ်မှုဖြင့် အလုပ်ရှင်နှင့် အာဏာပိုင်တို့၏ မတရားဖိနှိပ်မှုများအား ခုခံကာကွယ်ပြီး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရသည့်အခြေအနေများ စသည့် အလုပ်သမားရေးရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

Continue Reading

၁၂၉ နှစ်မြောက် မေဒေးနေ့အခမ်းအနား တက်ရောက်

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၁၂၉ နှစ်မြောက် မေဒေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သစ္စဝါဒီကျောင်းတိုက်၌ ၂၀၁၉၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အလုပ်သမားသမဂ္ဂများမှ ရဲဘော်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သူများ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ၁၉၇၄ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ CCTU၊ SDUF၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်၍ ဂုဏ်ပြူအမှတ်တရစကားပြောကြားပြီး သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီဝင်များလည်း အခမ်းအနားတက်ရောက်ခဲ့ကြပြီး ကော်မတီတာဝန်ခံ ဦးငွေလင်းက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ဦးငွေလင်းက မေဒေးအမှတ်တရစကား ပြောကြားရာတွင် “ယနေ့ကာလသည် အလုပ်သမားအခြေခံအခွင့်အရေးများပင် မရကြသေးသည့် အခြေအနေဖြစ်ကြောင်း၊ လက်ရှိပြဋ္ဌာန်းထားသည့် အလုပ်သမားဆိုင်ရာဥပဒေများမှာလည်း မည်ကာမတ္တသာဖြစ်ပြီး […]

Continue Reading

၁၂၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား တက်ရောက်

၂၀၁၉ ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်သည့် ၁၂၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် တို့မျိုးဆက်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီတို့မှ ဦးစီးကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မေဒေးနေ့ အမှတ်တရစကားပြောကြားရာတွင် အလုပ်သမားအခွင့်အရေးများရရှိရန်အတွက် အစိုးရကို အားကိုးနေ၍မရကြောင်း၊ မိမိတို့အခွင့်အရေးအတွက် မည်သူ့ကိုမျှ အားကိုး၍ မရနိုင်ဘဲ မိမိတို့ဘာသာ တိုက်ယူရမည်ဖြစ်သဖြင့် အလုပ်သမားထု သွေးစည်းညီညွတ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သေးသည့်အခြေအနေ မဟုတ်ကြောင်း၊ အလုပ်သမားအခွင့်အရေးတိုက်ပွဲများသည် ဒီမိုကရေစီရေးရုန်းကန်မှုနှင့် တဆက်တစပ်တည်း […]

Continue Reading

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆွးနွေးပွဲတွင် DPNS ၏ သဘောထားအမြင်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က တင်ပြဆွေးနွေး

“ဒီမိုကရေစီအနှစ်သာရ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအမြင်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင် က တင်ပြခဲ့ပါသည်။၂၉၊ ၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်မြို့။

Continue Reading