ရခိုင်အရေးနှင့်ပတ်သက်၍ ဆွေးနွေးသည့် အစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်အတွက် စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ UNDO ရုံးတွင် ၂၀၁၉၊ မေလ၊ ၂၆ ရက်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ယခင်ပြုလုပ်ခဲ့သည့် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” နိုင်ငံရေးဆွေးနွေးပွဲ၏အဆက်အဖြစ် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန်အတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။

Continue Reading

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းရီ၏ ဈာပန ဂါရဝပြုပို့ဆောင်

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းရီ(၁၉၆၀- ၂၀၁၉)၏ ဈာပနကို မေလ ၂၅ ရက်နေ့ ညနေ ၃းဝ၀ နာရီတွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ပါသည်။ ဦးထွန်းရီသည် ၁၉၇၅၊ ဇွန် ၆ အလုပ်သမားနှစ်ပတ်လည် ရွှေတိဂုံကျောင်းသားသပိတ်တိုက်ပွဲတွင် ဖမ်းဆီးခံရပြီး စစ်ခုံရုံးမှ ထောင်ဒဏ် ၄ နှစ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထောင်ကျချိန်တွင် နဝမတန်းကျောင်းသားဖြစ်ပြီး အသက် ၁၅နှစ်သာရှိသေးသည်။ ၁၉၇၆၊ ဧပြီ ၁ရက် ထောင်တွင်းသပိတ်တိုက်ပွဲတွင် အကြမ်းဖက်ရိုက်နှက်ခံရသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် ကျန်းမာရေးမကောင်းသည့်ကြားမှပင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အစဉ်တစိုက် စွဲမြဲခိုင်မာခဲ့သူဖြစ်သည်။ ဦးထွန်းရီ၏ဈာပနသို့ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

မကဒတ ဗဟိုကော်မတီဝင် ရဲဘော်ကိုကျော်ကို၏ ဈာပနဂါရဝပြု

မကဒတ ကျောင်းသားတပ်မတော် ABSDF ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ရဲဘော်ကိုကျော်ကို၏ ဈာပနအခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယနေ့ပြုလုပ်ခဲ့ပါသည်။ ဈာပနအခမ်းအနားသို့ ပါတီမှ ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့ခဲ့ပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း လိုက်ပါပို့ဆောင် ဂါရဝပြုခဲ့ပါသည်။

Continue Reading

MYNFREL နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

Myanmar Network Organization for Free and Fair Elections အဖွဲ့ဝင်များသည် ယနေ့ (၂၁၊ ၅၊၂၀၁၉) နေ့လည်ပိုင်းတွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ၂၀၂၀ ရွေးကောက်ပွဲကို တရားမျှတ၍ ဘက်လိုက်မှုမရှိသည့် ရွေးကောက်ပွဲဖြစ်လာစေရန်အတွက် လိုအပ်ချက်များ၊ မဲစာရင်းမှန်ကန်ရေး၊ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်၊ တဆက်တည်း ဆယ်နှစ်နေထိုင်သူများကိုသာ ရွေးကောက်ပွဲဝင်ခွင့်ပြုရာတွင်လည်း ခြွင်းချက်ထားရှိသင့်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများကြား ဆက်ဆံရေးအခြေအနေ စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

Continue Reading

အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ ပြင်​ဆင်​ချက်​များကိစ္စ သတင်းစာရှင်းလင်းပွဲ တက်ရောက်

၂၀၁၂ အလုပ်​သမား​ရေးရာ အငြင်းပွားမှု ​ဖြေရှင်း​ရေး ဥပ​ဒေ၏ ပြင်​ဆင်​ချက်​အချို့အား ပြည်​​ထောင်​စုလွှတ်​​တော်​က အတည်​ပြုလိုက်​သည့်ကိစ္စနှင့် ပါတ်​သက်​သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Myanmar Press Freedon Center ၌ ၂၀၁၉၊ မေလ၊ ၂၀ရက် နေ့လည်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ဤသတင်းစာရှင်းလင်းပွဲကို အလုပ်​သမားအဖွဲ့ချုပ်​​များအပါအဝင်​ အလုပ်​သမားအ​ရေး ဆောင်ရွက်နေကြသည့် အရပ်​ဖက်​အဖွဲ့အစည်း​ စုစု​ပေါင်း ၁၃ ဖွဲ့က စု​ပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ အလုပ်​သမား အငြင်းပွားမှု​ဖြေရှင်းခြင်းဥပ​ဒေတွင် ပြင်​ဆင်​ချက်​​များ စတင်​​ရေးဆွဲ​စဉ်ကပင် အလုပ်​သမား​အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း​များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက အလုပ်​သမားများကိုယ်​စား သက်​ဆိုင်​ရာ လွှတ်​​တော်​​ရေးရာ​ကော်​မတီ​များ၊ ဝန်​ကြီးဌာနတာဝန်​ရှိသူ​များအား ချဉ်းကပ်​၍ အလုပ်​သမားအခွင့်အ​ရေးများ နစ်​နာဆုံးရှုံးမှုမရှိ​စေ​ရေး ဆွေး​နွေးတင်​ပြခဲ့ကြပါသည်။ ယင်းတင်ပြချက်များသည် အလုပ်​သမားထု၏ သ​ဘောထားဆန္ဒ၊ အမှန်​လိုလားချက်​များဖြစ်​​ကြောင်းကို အစိုးရနှင့် လွှတ်​​တော်​တို့သိရှိ​စေရန်အတွက် အလုပ်​သမားဆန္ဒထုတ်​​ဖော်​ပွဲများလည်း အကြိမ်​ကြိမ်​ပြုလုပ်​ခဲ့ကြပါသည်။ သို့သော်​လည်း […]

Continue Reading

ရခိုင်အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသည့် အစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသည့် တတိယအကြိမ်မြောက် အစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ UNDO ရုံးတွင် ၂၀၁၉၊ မေလ၊ ၂၀ ရက်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ရခိုင်ဒေသအတွင်း ဖြစ်ပွါးနေသော ထိုးစစ်၊ တိုက်စစ်များကြောင့် ဒေသခံများ ထိခိုက်ခံစားနေရသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရန်အတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် SYCB၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ Burma Monitor ၊ အသံ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့တို့ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပြည်မြို့တွင် ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပြည်မြို့၊ တော်ဝင်ရတနာခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်းကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲပထမနေ့ဖြစ်သည့် မေလ ၁၇ ရက်နေ့တွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။ ပေါင်းတည်၊ ရွှေတောင်၊ ပေါက်ခေါင်း၊ ပြည်မြို့တို့ရှိ DPNS ရဲဘော်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ HRDP (ပြည်)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ CPRCG, ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂ(ပန်းတောင်း)၊ အရှိုချင်းယဉ်ကျေးမှုအဖွဲ့ဝင်များ စုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ် ပြုလုပ်

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ်ကို ၂၀၁၉၊ မေလ၊ ၁၇ ရက် နေ့လည်ပိုင်းတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ရေး၊ စီးပွါးရေး၊ စိုက်ပျိုးရေး အခြေအနေများ၊ စစ်ဘေးဒုက္ခသည်များ၏ အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အင်အားကြီးနိင်ငံများ၏ သြဇာသက်ရောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၊ Burma Monitor ၊ ရန်ကုန်လူငယ်ကွန်ရက်ခေါင်းဆောင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဖြူစင်အလင်းရောင် ပညာဒါနကျောင်းတွင် လက်ရှိ ပညာရေးနှင့် နိုင်ငံရေးအခြေအနေများ မျှဝေပြောကြား

၂၀၁၉၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင် ပညာဒါနကျောင်းမှ ကျောင်းသူကျောင်းသားများအား DPNS ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်နှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် နိုင်ငံရေးအခြေအနေများကို မျှဝေပြောကြားခဲ့သည်။ ပညာသင်ကြားသည်နှင့် တပြိုင်နက်တည်းတွင် နိုင်ငံကို ချစ်ခင်တန်ဖိုးထားရန်၊ တိုင်းပြည်အကျိုး သည်ပိုးဆောင်ရွက်နိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ်

M လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့ဖြစ်သည့် မေလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။ ပေါင်းတည်၊ ဇီးကုန်း၊ သဲကုန်းမြို့နယ်တို့ရှိ DPNS ရဲဘော်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ပြည်တက္ကသိုလ် ဗကသများအဖွဲ့ချုပ်၊ လေ့လာသူများ၊ အခြား တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading