“ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေး” စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ဖြန့်ဝေခြင်း စာအုပ်မိတ်ဆက်ပွဲနှင့် “ဒီမိုကရေစီအနှစ်သာရ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရကို အာမခံသည့် အခြေခံဥပဒေ” နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လေ့လာရေးနှင့် သုတေသနဌာနက ပြုစုထားသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေး” စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ဖြန့်ဝေခြင်း စာအုပ်မိတ်ဆက်ပွဲနှင့် “ဒီမိုကရေစီအနှစ်သာရ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရကို အာမခံသည့် အခြေခံဥပဒေ” နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၉၊ ဧပြီ၊ ၂၉ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ စာအုပ်မိတ်ဆက်ပွဲတွင် ပါတီဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က စာအုပ်ထုတ်ဝေရခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြ၍ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ဤစာအုပ်၌ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပယ်ဖျက်သင့်၊ ပြင်ဆင်သင့်၊ ပြန်လည်စဉ်းစားသင့်၊ ဖြည့်စွက်သင့်သည့်သည့် ဥပဒေပုဒ်မများ၊ လက်တွေ့မဆောင်ရွက်သေးသည့် ဥပဒေပြဋ္ဌာန်းချက်များကို ဖော်ပြထားပါသည်။ ဒုတိယပိုင်းအစီအစဉ်အဖြစ် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၁၉၉၀ […]

Continue Reading

EC အစည်းအဝေး (၄/၂၀၁၉) ၏ လက်ရှိ နိုင်ငံရေးအခြေအနေ သုံးသပ်ချက်

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉) ၏ လက်ရှိ နိုင်ငံရေးအခြေအနေသုံးသပ်ချက် (၂၈၊ ၄၊ ၂၀၁၉) ၁။ လက်ရှိ NLD အစိုးရအနေအထားမှာတရုတ်၊ ရုရှတို့အပေါ် နိုင်ငံရေး၊ စီးပွားရေးတို့အရမှီခိုမှု အားကြီးနေခြင်း၊ ရခိုင်အရေးအကြောင်းပြုလျက် အနောက်အုပ်စုနှင့် ဆက်ဆံရေးလုံးဝနီးပါး ပြတ်တောက်နေခြင်း၊ ရခိုင်ပြည်၊ ရှမ်းပြည်အချို့ဒေသများ၊ ကချင်ဒေသအချို့၊ ကရင်ဒေသအချို့တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း၊ လူထု၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများစသည့် ကဏ္ဍအသီးသီးတွင် ဒီမိုကရေစီဘောင် ကျဉ်းကျုံ့လာမှု၊ တိုင်းပြည်တွင်း ကြီးမားသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းစဉ် ရပ်တန့်နေခြင်း၊ လွှတ်တော်တွင်း ၂၀ဝ၈ ပြင်ဆင်ရေးလုပ်ငန်း၏ တိုးတက်မှုအလားအလာနည်းခြင်း၊ မြစ်ဆုံဆည်စီမံကိန်းကိစ္စနှင့် ပတ်သက်၍ လူထု၏ ဆန့်ကျင်လှုပ်ရှားလာမှုများစသည်တို့ကိုတွေ့မြင်ရသည်။ ၂။ တိုင်းရင်းသားလူမျိုးစုများနှင့် နိုင်ငံရေးအင်အားစုများဝန်းကျင်တွင် အစိုးရနှင့် နိုင်ငံရေးအရွေ့အပေါ် ယုံကြည်မျှော်လင့်မှု အားနည်းခြင်း၊ စည်ပင်ရွေးကောက်ပွဲများ၌ […]

Continue Reading

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉)ကို ၂၀၁၉ ပြုလုပ်

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉)ကို ၂၀၁၉၊ ဧပြီ၊ ၂၈ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့၏ လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်တင်ပြချက်အပေါ် ကျန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ သင်တန်းများနှင့် စည်းရုံးရေးခရီးစဉ်များ၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေးနှင့် လုပ်ငန်းစဉ်များဆွေးနွေးပွဲအတွက် ပြင်ဆင်ထားရှိမှုများ အစရှိသည့် လတ်တလောဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

ရုပ်တုဖြစ်သွားသော ဗိုလ်ချုပ်ကတိ” အစီရင်ခံစာမိတ်ဆက်ပွဲ တက်ရောက်

အသံအဖွဲ့က စီစဉ်ပြုလုပ်သည့် “ရုပ်တုဖြစ်သွားသော ဗိုလ်ချုပ်ကတိ” အစီရင်ခံစာမိတ်ဆက်ပွဲကို ၂၀၁၉၊ ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းက Myanmar Press Freedom Center ၌ ပြုလုပ်ခဲ့ပါသည်။ အစီရင်ခံစာ ပေါ်ပေါက်လာပုံကို အသံအဖွဲ့မှ တာဝန်ရှိသူများကလည်းကောင်း၊ ကရင်နီ သမိုင်းကြောင်းနှင့် လွိုင်ကော်မြို့၌ ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုနှင့် ပတ်သက်၍ ဖြစ်ပွါးခဲ့ရသည့် အခြေအနေများကို ကရင်နီလူငယ်ခေါင်းဆောင်များကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Continue Reading

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံ

နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန်အတွက် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံပွဲကို ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့က စီစဉ်ကျင်းပခဲ့ပါသည်။ အခမ်းအနားကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြပြီး ၂၀၁၉၊ ဧပြီ ၅ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ ရာမကရစ်ရှနာခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Continue Reading

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေး တက်ရောက်

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေးကို ၂၀၁၉၊ ဧပြီလ ၁ ရက်နေ့က မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမည့် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်ဆိုင်ရာအခြေအနေများကို စာရေးဆရာများ၊ ပညာရှင်များက ဟောပြောခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှ အစည်းအဝေးသို့ ပေးပို့လာသည့် သဝဏ်လွှာများ၊ သဘောထားထုတ်ပြန်ချက်များကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ ညနေပိုင်းတွင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။ သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ပညာရှင်များ၊ မြစ်ဆုံဒေသခံများ၊ လူထုလူတန်းစား အလွှာအသီးသီးမှ တက်ကြွလှုပ်ရှားသူများ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ကျင်းပ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီ သုံးလပတ်အစည်းအဝေးကို ၂၀၁၉၊ မတ်လ ၃၀ နှင့် ၃၁ ရက်များတွင် မေတ္တာစင်တာ(ပဲခူး)၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် NNER လတ်လောဆောင်ရွက်ရမည့်ကိစ္စများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ ရွှေဝါရောင်ဦးဆောင်သံဃာတော်၊ နိုင်ငံရေးပါတီ၊ အလုပ်သမား၊ လယ်သမား၊ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် အစရှိသည့် လူထုလူတန်းစား အလွှာအသီးသီးမှ ခေါင်းဆောင်များက ဂူဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး သဝဏ်လွှာများလည်း ပေးပို့ခဲ့ကြပါသည်။နေ့လည်ပိုင်းတွင် “ငြိမ်းချမ်းရေးနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားသိုင်း ပြုလုပ်ခဲ့ပါသည်။ ဦးစိုင်းညွန့်လွင်(စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်)၊ ဦးကြီးမြင့်(ဥပဒေပညာရှင်)၊ ဦးတင်အေးကြူ(မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင်)တို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အခမ်းအနားကို ရွှေတောင်မြို့ရှိ DPNS ရုံး၌ ကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဆရာကြီးမွေးဖွားရာဇာတိဖြစ်သည့် ရွှေတောင်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်၍ ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်၊ မုံရွာမှိုင်းငြိမ်းကွန်ရက်၊ ပခုက္ကူမှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

Continue Reading

DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များအစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များ၏ အစည်းအဝေးကို ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးရုံးခန်း၌ ၂၀၁၉၊ မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းတို့က ဦးဆောင်ပြီး ပါတီ၏ မူဝါဒ၊ သဘောထားနှင့် ဒေသအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ဒေသခံခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပါသည်။

Continue Reading