စစ်ပွဲချက်ချင်းရပ်ရန် တောင်းဆို

ဖဒူ ထွန်းအောင်/DMGဇွန်လ ၂၊ စစ်တွေ တပ်မတော်က ဦးစွာအစပြုပြီး ရခိုင်ပြည်နယ်အပါအဝင် တစ်ပြည်လုံးတွင် ထိုးစစ်ရပ်စဲကြောင်း ကြေငြာပေးရန် ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” နိုင်ငံရေးစကားဝိုင်းတွင် ပါတီနှင့် နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်ခန့်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။ ရခိုင်ပြည်သူများ နေ့စဉ်ခံစားနေကြရသည့် ဒုက္ခများအပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် မြောက်ဦးဒေသအား စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံး သတ်မှတ်ကြေငြာပေးရန်လည်း အစိုးရနှင့်တပ်မတော်ကို တောင်းဆိုထားသည်။ တပ်မတော်ဘက်က စစ်ရပ်စဲရန်လိုအပ်သကဲ့သို့ ရက္ခိုင့်တပ်တော်(AA)အနေဖြင့်လည်း စစ်ရပ်စဲကြောင်း ကြေငြာပေးရန် ၎င်းတို့ကတောင်းဆိုသည်။ ရခိုင်အပါအဝင် တိုင်းရင်းသားအားလုံးက စစ်ရေးအရ တိုက်ခိုက်နေခြင်းမှာ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြရသော နိုင်ငံရေးပြဿနာကြောင့် ဖြစ်သည်ဟု ၎င်းတို့က ရှုမြင်ကြသည်။ ထို့ကြောင့် […]

Continue Reading

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နိုင်ငံရေးဆွေးနွေးပွဲ လက်ကမ်းစာစောင်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပမည့် စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နိုင်ငံရေးဆွေးနွေးပွဲ လက်ကမ်းစာစောင်

Continue Reading

ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ သတင်းဖော်ပြချက်များ

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းခရီးစဉ်မှ တွေ့ရှိချက်များအား ၂၇၊ ၆၊ ၂၀၁၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပုံနှိပ်သတင်းမီယာများတွင် သတင်းစာ ရှင်းလင်းပွဲအကြောင်း ဖော်ပြပါရှိချက်များအား စုစည်းဖော်ပြလိုက်ပါသည်။

Continue Reading

ရခိုင်ပြည်နယ် လေလာရေးခရီးစဉ်အတွင်း ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံခဲ့

ဇွန်၊ ၁၉၊ ၂၀၁၉။ ကျောက်တော်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့် ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၉ရက်နေ့ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်း၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်နှင့် ကန်စောက် စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုစခန်းများရှိ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံ၍ စခန်းအခြေအနေများကို လေ့လာခဲ့ပြီး အလှူငွေများလည်း ပေးအပ်ခဲ့ကြပါသည်။ထို့နောက် ALD ၏ စီစဉ်ပေးမှုဖြင့် နေ့လည် ၁းဝ၀ နာရီတွင် ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံပွဲကို ကျောက်တော်မြို့၌ ပြုလုပ်ခဲ့ပါသည်။ လေ့လာရေးအဖွဲ့တာဝန်ရှိသူများက ခရီးစဉ်ဖြစ်ပေါ်လာပုံနှင့် […]

Continue Reading

DPNS တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက SYCB စင်တာတွင် “လက်ရှိနိုင်ငံရေး” ခေါင်းစဉ်ဖြင့် သွားရောက်ဆွေးနွေး

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB ၏ ဖိတ်ကြားချက်အရ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းသည် SYCB လူငယ်လေ့ကျင့်ရေးစင်တာသို့ သွားရောက်၍ “လက်ရှိနိင်ငံရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။၂၂၊ ၆၊ ၂၀၁၉။ ရန်ကုန်။

Continue Reading

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့၏ သမ္မတထံ အိတ်ဖွင့်ပေးစာ

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းသို့ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ၊ လွှတ်တော်၊ စစ်ဘေးဒုက္ခသည်တွေ၊ ဒေသခံပြည်သူလူထုတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ခရီးစဉ်တွေ့ရှိချက်များကို ၂၀၁၉၊ ဇွန် ၂၇ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါသည်။

Continue Reading

ရခိုင်အရေးဆွေးနွေးသည့် အစည်းအဝေးတက်ရောက်

ရခိုင်အရေး ဆွေးနွေးကြသည့် ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို မေလ ၃၀ ရက်နေ့တွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုဟ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်သူများက ဇွန်လ ၂ ရက်နေ့၊ ရာမခရစ်ရှနာခန်းမတွင် ပြုလုပ်မည့် “စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းအတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Continue Reading

ဘာသာပေါင်းစုံစတုဒီသာအလှူနှင့် စုပေါင်းဝါဖြေပွဲ တက်ရောက်

၂၀၁၉၊ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ဘာသာပေါင်းစုံစတုဒီသာအလှူနှင့် စုပေါင်းဝါဖြေပွဲ ပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲသို့ ဘာသာကြီးလေးရပ်မှ ဆရာတော် သံဃာတော်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သတင်းမီဒီယာသမားများ၊ ဘာသာအသီးသီး လူထုလူတန်းစား အလွှာအသီးသီးမှပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့တော်ဝန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီ လာရောက်ခဲ့ကြပါသည်။ ၎င်းဝါဖြေပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

Continue Reading