သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲ တက်ရောက်
သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ နံက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။
Continue Reading
သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ နံက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။
Continue Reading
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲကို ပါတီဌာနချုပ်ရုံး၌ ၂၀၁၉၊ ဇန်နဝါရီ၊ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင်က လက်ရှိပြဌာန်းထားသော အမျိုးသားပညာရေးမူဝါဒအပေါ် အမြင်သဘောထား၊ NNER ၏ ပညာရေးမူဝါဒ၊ နိုင်ငံတကာ ပညာရေးစနစ်များ၊ ကမ္ဘာ့ပညာရေးညီလာခံက ချမှတ်ခဲ့သည့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ပညာရေးအကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လူတိုင်းအတွက်ပညာရေး (Education for All) ဟူသည့် သဘောထားခံယူချက်ဖြင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ရှိသင့်သည့် ပညာရေးမူဝါဒတရပ်ကို ဖော်ဆောင်ရာတွင် အခြေခံသင့်သည့်အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
Continue Reading
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွါးလျက်ရှိသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
Continue Reading
SocDam Asia ၏ အစီအစဉ်ဖြင့် ကျန်းမာရေးမူဝါဒရေးဆွဲရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Thabyay Education Foundation ရုံးခန်း၌ ၂၀၁၉၊ ဇန်နဝါရီ၊ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သပြေပညာရေးဖောင်ဒေးရှင်းမှ ဦးစောကပီးက သုတေသနပြု လေ့လာတွေ့ရှိချက်များအား မျှဝေခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
Continue Reading
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲတရပ်ပြုလုပ်ရန် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၇၄-၇၅ နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့တို့မှ တာဝန်ရှိသူများ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
Continue Reading
ဇန်နဝါရီလ ၂၀ ရက်နေ့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့သည့် ဦးတင်ကိုကို(ခ)လွမ်းဝေနိုင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်ဟောင်း)၏ ဈာပနသို့ ပါတီမှပန်းခြင်းပေးပို့ခဲ့ပါသည်။
Continue Reading
၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာများ
Continue Reading
လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိ်ုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီ ၁၀ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများနှင့် လိုအပ်မည့်စည်းမျဉ်း၊စည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်ရှင်၊ အလုပ်သမားပြဿနာ ကြီးထွားလာခြင်းတွင် တရားမဝင်အဖွဲ့အစည်းများ (အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများ) ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ခြင်းအပေါ်ပြန်လည်ရှင်းလင်းကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ပါသည်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
Continue Reading
DIPD က စီစဉ်ကျင်းပသည့် “နိုင်ငံရေးပါတီအချင်းချင်းကြား စကားဝိုင်းများတည်ဆောက်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို မြှင့်တင်ခြင်း” ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဒိန်းမတ်ဆိုရှယ်လစ်ပြည်သူ့ပါတီမှ Mr. Holger K Nlelsen နှင့် ဒိန်းမတ် ကွန်ဆာဗေးတစ်ပါတီမှ Mr. Rolf Aagaard-Svendsen တို့က ၎င်းတို့၏ နိုင်ငံရေးအတွေ့အကြုံများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး မြန်မာ့နိုင်ငံရေးပါတီများကြားတွင် စကားဝိုင်းများတည်ဆောက်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီပေါင်း ၂၀ ကျော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
Continue Reading
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များသည် ဇန်နဝါရီလ၊ ၁၆ ရက်နေ့ညနေပိုင်းတွင် DPNS ဌာချုပ်ရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေသော ပဋိပက္ခများနှင့်ပတ်သက်၍ DPNS ဗဟိုကော်မတီဝင်များနှင့် အမြင်သဘောထားချင်း ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
Continue Reading