ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်လူထုစည်းရုံးရေးခရီးစဉ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ကျားတိုင်း၊ သိမ်ရွာ၊ ရွာရှည်၊ ဆင်းဂွတ်၊ မရိုးကုန်းရွာများရှိ ကျေးလက်နေပြည်သူတို့ထံသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှပြီး ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒသဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Continue Reading

DPNS ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုစည်းရုံးရေးခရီး

မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆင်ချောင်း၊ ကိုင်း၊ ရန္တပို၊ ညောင်တိုကျေးရွာများရှိ ကျေးလက်နေပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း လူထုအသံ၊ DPNS အသံ ဖြစ်စေရန်အတွက် ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝအခြေအနေများကိုလည်း လေ့လာခဲ့ကြပါသည်။

Continue Reading

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီး

၂၀၁၈၊ စက်တင်ဘာ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ် စည်းရုံးရေးကော်မတီဝင်များသည် ရွာသာကုန်းကျေးရွာ၌ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါသည်။  ဆိုင်းဘုတ်တင်ပွဲအပြီးတွင် ပါတီကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ပြီး ရွာသာကုန်းကျေးရွာနှင့် အနီးအနားရွာများရှိ ကျေးလက်နေပြည်သူများထံသို့လည်း သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း စည်းရုံးရေးဆင်းခဲ့ကြပါသည်။

Continue Reading

SYCB ၏ မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ဆွေးနွေး

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၏ ၁၀ ကြိမ်မြောက်ညီလာခံသက်တမ်းအကြို မဟာ ဗျူဟာအလုပ်ရုံဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၆ ရက်မှ ၈ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုမဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

Continue Reading

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး(၉၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာ ၉ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်အမှတ် ၁၇၊ ၁၈၊ ၇(ခ)၊ ၄(အေးကျင်း) ရပ်ကွက်များရှိ ပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒများကို ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Continue Reading

SYCB-Youth Training Center တွင် ဖက်ဒရယ်စနစ်အကြောင်းသင်တန်းပြုလုပ်

SYCB-Youth Training Center တွင် ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖက်ဒရယ်စနစ်အကြောင်း ၅ ရက်တာသင်တန်း ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံ သွားရောက်၍ သင်တန်းပို့ချခဲ့ပါသည်။

Continue Reading

ပါတီဌာနချုပ်၊ ပြည်ခရိုင်စည်းရုံးရေးကော်မတီနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီတို့ အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်၊ ပြည်ခရိုင်စည်းရုံးရေးကော်မတီနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟက ဌာနချုပ်၏ ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ခရိုင်စည်းရုံးရေးကော်မတီဝင်များနှင့် ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များကလည်း ၎င်းတို့၏ ဆောင်ရွက်ထားမှုအခြေအနေများ၊ ဒေသအခြေအနေများကို ပြန်လည်တင်ပြခဲ့ကြပါသည်။ ထို့နောက် ပါတီရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး (၈၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၆၊ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်နေပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူများနှင့် တရင်းတနှီး တွေ့ဆုံခဲ့ကြပါသည်။

Continue Reading

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်စည်းရုံးရေးခရီးစဉ်(၇၊၉၊၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၂၊ အမှတ် ၁၃၊ အမှတ် ၁၄၊ အမှတ် ၁၅ ၊ အမှတ် ၁၉ ရပ်ကွက်များသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း မဲဆွယ်စည်းရုံးခဲ့ကြပါသည်။

Continue Reading

ဆွာတမံရေဘေးဒဏ်သင့်ကျောင်းများအား စာရေးကိရိယာလှူဒါန်း

ဆွာတမံလက်တံကျိုးပေါက်မှုကြောင့် ရေလွှမ်းမိုးမှုခံရသော လေးအိမ်စုကျေးရွာမူလွန်ကျောင်း၊ ဝမ်းမကြီးကျေးရွာ မူလွန်ကျောင်းနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းတို့အား ဗလာစာအုပ်ဒါဇင် ၅၀ဒါဇင် နှင့် ပေတံ ၅၀ချောင်းတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က လှိုင်မြို့နယ် DPNSဥက္ကဋ္ဌ ဦးမြတ်လင်းလင်းထွေးမှတဆင့် ပေးပို့လှူဒါန်းခဲ့ပါသည်။ လေးအိမ်စုမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာကြီး ဦးသော်ဇင်၊ ဝမ်းမကြီးကျေးရွာမူလွန်ကျောင်းအတွက် လက်ထောက်ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် သဖန်းဇင်ကျေးရွာမူလွန်ကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးတို့က လက်ခံရယူခဲ့ကြပါသည်။

Continue Reading