ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By Shwe Yee, on December 19th, 2018
ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင်
ဆွီဒင်နိုင်ငံ Olof Phalme International Center ၏ နိုင်ငံရေးပါတီများ ဆက်ဆံရေးဌာန
တာဝန်ခံ Fredrik Lindal ပြောကြားသည့် အမှတ်တရစကား။
အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။ ၁၉- ၁၂- ၂၀၁၈။
ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင်
SocDem Asia တာဝန်ခံ Mr.Marlon Cornelio ပြောကြားသည့် အမှတ်တရစကား။
အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။ ၁၉- ၁၂- ၂၀၁၈။
By Shwe Yee, on December 11th, 2018
ဦးသန့်အရေးအခင်း ၄၄ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို
၂၀၁၈၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်
ရွှေတောင်ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ မိတ်ဆွေအင်အားစုများ
တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ရွှေတိဂုံဘုရားလမ်းရှိ
ဦးသန့်ဂူဗိမာန်သို့ သွားရောက်ပြီး ဂုဏ်ပြုပန်းခြင်းချ၍
အလေးပြုခဲ့ကြပါသည်။
By Shwe Yee, on December 9th, 2018
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈၊
ဒီဇင်ဘာလ၊ ၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌
ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအပါအဝင်
မဟာမိတ်အဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
ပါတီ၏သဝဏ်လွှာကိုလည်း ပေးပို့ဂုဏ်ပြုခဲ့ပါသည်။
By Shwe Yee, on December 9th, 2018
၂၀၁၈၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့တွင်ကျရောက်သည့်
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနားသို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက
သဝဏ်လွှာပေးပို့ဂုဏ်ပြုခဲ့ပါသည်။
By Shwe Yee, on December 7th, 2018
မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်-SYCB ၏ ဆယ်ကြိမ်မြောက်ညီလာခံကို
၂၀၁၈၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင်
ကျင်းပလျက်ရှိပါသည်။ ၎င်းညီလာခံသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ
မအိသဉ္ဇာမောင်တို့ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on September 27th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ထိုခရီးစဉ်တွင် မြပန်းခိုင်၊ ဆိတ်ညံ၊ သပြေသာ၊ မရိုးကုန်း၊ ထနောင်းစုတောင်ရွာနှင့် မြောက်ရွာများသို့ သွားရောက်၍ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်၏ လက်ကမ်းစာစောင်များကို တအိမ်တက်ဆင်းစနစ်ဖြင့် ဝေငှခဲ့ကြပါသည်။ ပါတီ၏သဘောထားနှင့် ရပ်တည်ချက်ကိုလည်း ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on September 27th, 2018
မြင်းခြံမြို့နယ်စည်းရုံးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြပန်းခိုင်ကျေးရွာသို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်ဖွင့်လှစ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ဒေသခံစည်းရုံးရေးမှူးများ၊ ပါတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on September 25th, 2018
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ဇလက်ကုန်းရွာ၊ တိမ်တိုင်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏ ရပ်တည်ချက်၊ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on September 25th, 2018
မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ဂင့်ဂဲနှင့် ဇလက်ကုန်းကျေးရွာများသို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။