ရခိုင်အရေးကို သမ္မတကြီးကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်း

သတင်း – ခင်သရဖီဦး | DMG ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး သမ္မတကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးဖို့ကို အကြံပြု တိုက်တွန်းကြောင်း ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့အပါအဝင် နိုင်ငံရေးအင်းအားစုအသီးသီးက ဇွန်လ ၂၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာပေးပို့လိုက်ပါတယ်။ Development Media Group

Continue Reading

ရခိုင်ပြည်နယ် လေလာရေးခရီးစဉ်အတွင်း ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံခဲ့

ဇွန်၊ ၁၉၊ ၂၀၁၉။ ကျောက်တော်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့် ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၉ရက်နေ့ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်း၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်နှင့် ကန်စောက် စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုစခန်းများရှိ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံ၍ စခန်းအခြေအနေများကို လေ့လာခဲ့ပြီး အလှူငွေများလည်း ပေးအပ်ခဲ့ကြပါသည်။ထို့နောက် ALD ၏ စီစဉ်ပေးမှုဖြင့် နေ့လည် ၁းဝ၀ နာရီတွင် ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံပွဲကို ကျောက်တော်မြို့၌ ပြုလုပ်ခဲ့ပါသည်။ လေ့လာရေးအဖွဲ့တာဝန်ရှိသူများက ခရီးစဉ်ဖြစ်ပေါ်လာပုံနှင့် […]

Continue Reading

DPNS တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက SYCB စင်တာတွင် “လက်ရှိနိုင်ငံရေး” ခေါင်းစဉ်ဖြင့် သွားရောက်ဆွေးနွေး

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB ၏ ဖိတ်ကြားချက်အရ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းသည် SYCB လူငယ်လေ့ကျင့်ရေးစင်တာသို့ သွားရောက်၍ “လက်ရှိနိင်ငံရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။၂၂၊ ၆၊ ၂၀၁၉။ ရန်ကုန်။

Continue Reading

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့၏ သမ္မတထံ အိတ်ဖွင့်ပေးစာ

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းသို့ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ၊ လွှတ်တော်၊ စစ်ဘေးဒုက္ခသည်တွေ၊ ဒေသခံပြည်သူလူထုတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ခရီးစဉ်တွေ့ရှိချက်များကို ၂၀၁၉၊ ဇွန် ၂၇ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါသည်။

Continue Reading

ရခိုင်အရေးဆွေးနွေးသည့် အစည်းအဝေးတက်ရောက်

ရခိုင်အရေး ဆွေးနွေးကြသည့် ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို မေလ ၃၀ ရက်နေ့တွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုဟ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်သူများက ဇွန်လ ၂ ရက်နေ့၊ ရာမခရစ်ရှနာခန်းမတွင် ပြုလုပ်မည့် “စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းအတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Continue Reading

ဘာသာပေါင်းစုံစတုဒီသာအလှူနှင့် စုပေါင်းဝါဖြေပွဲ တက်ရောက်

၂၀၁၉၊ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ဘာသာပေါင်းစုံစတုဒီသာအလှူနှင့် စုပေါင်းဝါဖြေပွဲ ပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲသို့ ဘာသာကြီးလေးရပ်မှ ဆရာတော် သံဃာတော်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သတင်းမီဒီယာသမားများ၊ ဘာသာအသီးသီး လူထုလူတန်းစား အလွှာအသီးသီးမှပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့တော်ဝန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီ လာရောက်ခဲ့ကြပါသည်။ ၎င်းဝါဖြေပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

Continue Reading

ရခိုင်အရေးနှင့်ပတ်သက်၍ ဆွေးနွေးသည့် အစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်အတွက် စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ UNDO ရုံးတွင် ၂၀၁၉၊ မေလ၊ ၂၆ ရက်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ယခင်ပြုလုပ်ခဲ့သည့် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” နိုင်ငံရေးဆွေးနွေးပွဲ၏အဆက်အဖြစ် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန်အတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။

Continue Reading

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းရီ၏ ဈာပန ဂါရဝပြုပို့ဆောင်

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းရီ(၁၉၆၀- ၂၀၁၉)၏ ဈာပနကို မေလ ၂၅ ရက်နေ့ ညနေ ၃းဝ၀ နာရီတွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ပါသည်။ ဦးထွန်းရီသည် ၁၉၇၅၊ ဇွန် ၆ အလုပ်သမားနှစ်ပတ်လည် ရွှေတိဂုံကျောင်းသားသပိတ်တိုက်ပွဲတွင် ဖမ်းဆီးခံရပြီး စစ်ခုံရုံးမှ ထောင်ဒဏ် ၄ နှစ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထောင်ကျချိန်တွင် နဝမတန်းကျောင်းသားဖြစ်ပြီး အသက် ၁၅နှစ်သာရှိသေးသည်။ ၁၉၇၆၊ ဧပြီ ၁ရက် ထောင်တွင်းသပိတ်တိုက်ပွဲတွင် အကြမ်းဖက်ရိုက်နှက်ခံရသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် ကျန်းမာရေးမကောင်းသည့်ကြားမှပင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အစဉ်တစိုက် စွဲမြဲခိုင်မာခဲ့သူဖြစ်သည်။ ဦးထွန်းရီ၏ဈာပနသို့ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Continue Reading