DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး(၉၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာ ၉ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်အမှတ် ၁၇၊ ၁၈၊ ၇(ခ)၊ ၄(အေးကျင်း) ရပ်ကွက်များရှိ ပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒများကို ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Continue Reading

SYCB-Youth Training Center တွင် ဖက်ဒရယ်စနစ်အကြောင်းသင်တန်းပြုလုပ်

SYCB-Youth Training Center တွင် ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖက်ဒရယ်စနစ်အကြောင်း ၅ ရက်တာသင်တန်း ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံ သွားရောက်၍ သင်တန်းပို့ချခဲ့ပါသည်။

Continue Reading

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး (၈၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၆၊ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်နေပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူများနှင့် တရင်းတနှီး တွေ့ဆုံခဲ့ကြပါသည်။

Continue Reading

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်စည်းရုံးရေးခရီးစဉ်(၇၊၉၊၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၂၊ အမှတ် ၁၃၊ အမှတ် ၁၄၊ အမှတ် ၁၅ ၊ အမှတ် ၁၉ ရပ်ကွက်များသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း မဲဆွယ်စည်းရုံးခဲ့ကြပါသည်။

Continue Reading

မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး တတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်)နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၉ ရပ်ကွက်၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးများသို့သွားရောက်၍ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ဈေးအတွင်းရှိ ပါတီလိုလားထောက်ခံသူများကလည်း ၀ိုင်းဝန်းကူညီပေးခဲ့ကြပါသည်။

Continue Reading

မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၄ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိ အမှတ် ၂၊ အမှတ်၂၀၊ အမှတ် ၄ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီ၏ လုပ်ငန်းစဉ်အဖြစ် အမှတ်(၂)ရပ်ကွက်တွင်လည်း ရပ်ကျေးဆိုင်းဘုတ် တင်ခဲ့ပါသည်။

Continue Reading

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး စတင်သည့် စက်တင်ဘာ ၃ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိရပ်ကွက်များသို့ တအိမ်တက်ဆင်း၊ တလမ်းဝင်တလမ်းထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ပြည်သူ့အတွက် မှန်ကန်သောရွေးချယ်မှုဖြစ်စေရန် ဦးဖြိုးဟန်ကို မဲပေးကြဖို့ ပါတီအနေဖြင့် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Continue Reading

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ

ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁) နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။

Continue Reading

ရွေးကောက်ပွဲ ကော်မရှင်မှတ်တမ်း

၁။ ပါတီအမည် – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၂။ ပါတီအမည် (English) – Democratic Party For a New Society ၃။ ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့ – ၁၇-၁၂-၂၀၁၃ ၄။ လာရောက်လျှောက်ထားစဉ်ပါတီအင်အား – (၂၁) ဦး ၅။ ပါတီလာလျှောက်ထားစဉ် ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် – ဦးအောင်မိုးဇော်၊ ဦးမြင့်နိုင် (ခ) ခွန်ရဲသွေး ၆။ ပါတီတည်ထောင်ခွင့်ပြုသည့်နေ့ – ၁၂-၅-၂၀၁၄ ၇။ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့ – ၂၀-၅-၂၀၁၄ ၈။ ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့ – ၂၄-၁၀-၂၀၁၄ ၉။ ခွင့်ပြုသည့် ပါတီအမှတ်စဉ် – အမှတ်စဉ် ( ၇၇ ) ၁၀။ ခွင့်ပြုသည့်ပါတီအလံ –   ၁၁။ […]

Continue Reading