DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပါတီလှုပ်ရှားမှုများ ရွေးကောက်ပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ထိုခရီးစဉ်တွင် မြပန်းခိုင်၊ ဆိတ်ညံ၊ သပြေသာ၊ မရိုးကုန်း၊ ထနောင်းစုတောင်ရွာနှင့် မြောက်ရွာများသို့ သွားရောက်၍ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်၏ လက်ကမ်းစာစောင်များကို တအိမ်တက်ဆင်းစနစ်ဖြင့် ဝေငှခဲ့ကြပါသည်။ ပါတီ၏သဘောထားနှင့် ရပ်တည်ချက်ကိုလည်း ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။

[ngg src=”galleries” ids=”499″ display=”basic_thumbnail”]