Challenges and Outlook to Social Democracy in Asia အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
Challenges and Outlook to Social Democracy in Asia ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို အာရှ ဆိုရှယ်ဒီမိုကရေစီကွန်ရက်မှ ဦးဆောင်၍ မွန်ဂိုးလီးယားနိုင်ငံမြို့တော် အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်တွင် ၂၀၁၇၊ မေလ၂၄ ရက်တွင် ကျင်းပပြုလုပ်လျက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမောတို့မှ ကွန်ရက်အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
Continue Reading