ဖက်ဒရယ်စနစ်၏ အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင် ပြုလုပ်

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ မတ်လ၊ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၌ ပြုလုပ်ခဲ့ပါသည်။ FTT သင်တန်းဆရာများက လုပ်ပိုင်ခွင့်နှင့် အာဏာများကို ခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ငွေကြေးနှင့် သယံဇာတများကို စီမံခန့်ခွဲခြင်းခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အင်္ဂပူမြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များ၊ မဟာမိတ်အင်အားစုများ စုစုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် အင်္ဂပူမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပါတီကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ညနေပိုင်းတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းဦးဆောင်၍ အင်္ဂပူမြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဒေသဆိုင်ရာ ပါတီတည်ဆောက်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

CCTU နှင့် IWWO အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီမှ ဒေါ်နှင်းနှင်းမွှေးနှင့် ဦးငွေလင်းတို့သည် ၂၀၁၉၊ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU) နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမျိုးသမီးအလုပ်သမားများ အစည်းအရုံး(IWWO) တို့မှ တာဝန်ရှိသူများနှင့် CCTU ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ထိုသို့တွေ့ဆုံရာတွင် အလုပ်သမားအရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ မြန်မာ့အလုပ်သမားအရေးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ၊ အခက်အခဲများ၊ ဆောင်ရွက်သင့်သည်များကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

Continue Reading

အပြည်ပြည်ဆိုင်ရာ အမျိူးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS – WWC က ပေးပို့သည့်သဝဏ်လွှာ

ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိူးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS အမျိုးသမီးလုပ်ငန်းကော်မတီက ပေးပို့သည့်သဝဏ်လွှာ

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်လှစ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်ပွဲကို ၂၀၁၉၊ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးငွေလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုသူအောင်၊ ဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦး၊ မင်းဘူးခရိုင်စည်းရုံးရေးတာဝန်ခံ ဦးသန့်စင်၊ ပွင့်ဖြူမြို့နယ်ကော်မတီအတွင်းရေးမှူး ဦးဟန်သိန်းတို့က ပါတီဖြတ်သန်းမှုသမိုင်းကြောင်း၊ ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ရုံးခန်းဖွင့်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မဟာမိတ်အင်အားစုများ၊ ပွင့်ဖြူမြို့နယ် ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

လူမှုဖူလုံရေးစနစ် ပြန်လည်မွေးဖွားခြင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

“မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးစနစ် ပြန်လည်မွေးဖွားခြင်း… ကျန်းမာရေးစောင့်ရှောက်မှုစနစ်” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉းဝ၀ မှ ၅းဝ၀ အထိ နေပြည်တော်ရှိ MATA နေပြည်တော်စင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အားလုံးပါဝင်သည့်မူဝါဒ ရေးဆွဲရေး ( Inclusive Policy Formulation) လုပ်ငန်းစဉ်အရ လူမှုဖူလုံရေးကဏ္ဍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မူဝါဒပေါ်ပေါက်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ခြင်း ဖြစ်ပါသည်။အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်ထွေးမှုံတို့က အဖွင့်အမှာစကားပြော ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် Community Partners International အမှုဆောင်ဒါရိုက်တာ ဒေါက်တာ […]

Continue Reading

ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်၏ ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်(၁၉၆၄-၁၉၉၇)၏ ကျန်ရစ်သူမိသားစုအား ၂၀၁၉၊ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ခရမ်းမြို့နယ်ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း လာရောက်ခဲ့ကြပြီး ရဲဘော်မြင့်ဇော်ကျန်ရှိခဲ့သည့် အမှတ်တရပစ္စည်းများကို ရဲဘော်မြင့်ဇော်၏ ညီဖြစ်သူအား ပေးအပ်ခဲ့ပါသည်။

Continue Reading

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်ပြည့်မွေးနေ့အခမ်းအနား ကျင်းပရေး အစည်းအဝေးတက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ၂၀၁၉၊ မတ်လ ၃ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ မတ်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် ဆရာကြီးမှိုင်း ၁၄၃ နှစ်ပြည့်မွေးနေ့အခမ်းအနားအတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ဈာပနအခမ်းအနားသို့ DPNS က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး(၁၉၃၃-၂၀၁၉) ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ

Continue Reading

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်က ဦးစွာဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် တာဝန်အရှိဆုံးမှာ အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများပင်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်တို့က ပထမဦးစွာ ဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ စတုတ္ထအကြိ်မ်မြောက် နှီးနှောဖလှယ်ပွဲက သဘောထားထုတ်ပြန်သည်။ “ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး” ခေါင်းစဉ်များဖြင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Best Western Green Hill Hotel တွင် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပပြီး အချက် ၉ ချက်ပါ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။ နှီးနှောဖလှယ်ပွဲသို့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီ အပါအဝင် ၎င်း၏ မိတ်ဖက်တိုင်းရင်းသား […]

Continue Reading

တိုင်းပြည်အကျိုးကို ရှေ့ရှု၍ တပ်မတော်အား နိုင်ငံရေးမှ ဆုတ်ခွာရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ

တိုင်းပြည်၏ အကျိုးကို တည့်တည့်ကြည့်ကာ နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် တပ်မတော်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးပွဲက မေတ္တာရပ်ခံတိုက်တွန်းသည်။ UNA က ဦးစီးကာ ၎င်းတို့၏ မိတ်ဖက်အဖွဲ့များနှင့် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ စတုတ္ထအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၆ နှင့် ၂၇ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း ၂၀ တက်ရောက်ခဲ့သည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် လက်ရှိတိုင်းပြည်၏ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင် ဆုတ်ခွာမည်ဖြစ်ကြောင်းကို အချိန်ဇယားအတိအကျဖြင့် ပြည်သူများအား ကတိပြုပြောကြားရန်လည်း ၎င်းတို့က ဆိုသည်။ “အားလုံးကတော့ တိတိကျကျ […]

Continue Reading