ရေကြည်မြို့နယ်စည်းရုံးရေးမှူးများနှင့် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၏ ဆွေးနွေးပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၏ ဆွေးနွေးပွဲဒုတိယနေ့ကို ၂၀၁၈ ဇူလိုင်လ ၂ ရက်နေ့တွင်ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေသဆိုင်ရာအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကျေးစည်းကော်မတီများ တွေ့ဆုံပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟို၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကျေးစည်းကော်မတီများ တွေ့ဆုံပွဲကို ၂၀၁၈ ဇူလိုင်လ ၁ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌက အဖွင့်စကားပြောကြားခဲ့ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များက လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပါတီမူဝါဒသဘောထားများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလောဆောင်ရွက်ရမည့်လုပ်ငန်းများ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ အစည်းအဝေး

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၈ ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။

Continue Reading

ကျားမတန်းတူညီမျှမှုရှိစေရန် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများတည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ

DIPD က စီစဉ်ကျင်းပသည့် ကျားမတန်းတူညီမျှမှုရှိစေရန် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများတည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို၂၀၁၈ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ပါတီတွင်းအမျိုးသမီးကွန်ရက်တည်ဆောက်မှုနှင့် နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်လာရန် အရေးကြီးပုံတို့ကို ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်ပါတီမှ Ms. Anne Katrine S Carlbaek က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီပေါင်း ၂၀ မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဆွေးနွေးပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များအား ပါတီမိတ်ဆက်နှင့် အထွေထွေနိုင်ငံရေးသဘောထား ဖွဲ့စည်းပုံတို့ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၈ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့်အဖွဲ့ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တောင်ပို့ကျေးရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ေ

Continue Reading

အင်္ဂပူမြို့နယ် ၊ နွားခြံကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်လျှောက်လွှာ စုပေါင်းပေးအပ်ပွဲ

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်လျှောက်လွှာ စုပေါင်းပေးအပ်ပွဲကို ၂၀၁၈၊ ဇွန်လ ၂၈ ရက်နေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ပါတီဗဟိုစည်းရုံးရေးကော်မတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့် အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းတို့က အမှာစကားပြောကြားခဲ့ကြပြီး ပါတီဝင်လျှောက်လွှာများကို ဦးတိုးတိုးထွန်းက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

Continue Reading

“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲ

The Wings Intitute က စီစဉ်ကျင်းပသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(အတွင်းရေးမှူး-ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါ်စူဇန်နာလှလှစိုး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးမြအေး(ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု)တို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့တွင် အင်းစိန်မြို့ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ဆရာသမဂ္ဂများ၏ အခန်းကဏ္ဍ ဟူသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

Continue Reading

NNER ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေး(ပထမနေ့)

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေးကို ၂၀၁၈၊ ဇွန်လ ၂၂ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် လုပ်ငန်းအဖွဲ့များ၏ ၆ လတာအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးလည်း အစည်းအဝေးတက်ရောက်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍအကြောင်း ဟောပြောဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ဒေါက်တာသိန်းလွင်နှင့် Ms Helen Dabu တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading

ပါတီဥက္ကနှင့်အဖွဲ့ မြင်းခြံမြို့နယ်တွင် အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်ဦးဆောင်သောအဖွဲ့သည် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ၂၀၁၈ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြင်းခြံမြို့နယ်၏စည်းရုံးရေးအခြေအနေများ၊ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading