ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းအားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမှတ်တရ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်နေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပေးပို့လာသည့်သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။

Continue Reading

DPNS အမျိုးသမီးလုပ်ငန်းကော်မတီ (WWC) အကြောင်း မိတ်ဆက်ပြောကြား

လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(Youth Empowerment School)တွင် တက်ရောက်လျက်ရှိသည့် ကျောင်းသူကျောင်းသားများအား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ (Women Worcking Committee) အကြောင်းကို WWC အကြံပေးဖြစ်သည့် ဒေါ်နှင်းနှင်းမွှေးက ၂၀၁၈၊ သြဂုတ်လ ၁၁ ရက်နေ့တွင် မိတ်ဆက်ပြောကြားပေးခဲ့ပါသည်။

Continue Reading

မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၉ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီ၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားများသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ၌ ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့လည်းကောင်း၊ ပဲခူးရိုးမအနောက်ခြမ်းနိုင်ငံရေးအင်အားစုများ ကျင်းပသည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားသို့လည်းကောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ကျင်းပသည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။

Continue Reading

မြင်းခြံမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ။ ၇ ရက်နေ့ နံနက် ၉း၀၀ နာရီ၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများညီလာခံ

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများညီလာခံကို ၂၀၁၈ သြဂုတ်လ ၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ယုဒဿန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ UNDO အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ UNA အဖွဲ့ဝင်နိုင်ငံရေးပါတီများ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အစရှိသည့် မိတ်ဖက်အဖွဲ့အစည်းများ ညီလာခံတက်ရောက်ခဲ့ကြပါသည်။

Continue Reading

SNLD မြေယာဆိုင်ရာမူဝါဒ(မူကြမ်း) ဆွေးနွေးရေးဆွဲခြင်းအား DPNS ပူးပေါင်းကူညီ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ မြေယာဆိုင်ရာမူဝါဒ(မူကြမ်း) ဆွေးနွေးရေးဆွဲခြင်းကို ၂၀၁၈၊ သြဂုတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ မန္တလေးမြို့ရှိ Golden City Light Hotel ၌ ပြုလုပ်ခဲ့ပါသည်။ မြေယာဆိုင်ရာ မူဝါဒမူကြမ်း ရေးဆွဲနိုင်ရေးအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ကိုသန့်စင်(AGFA)၊ ကိုစည်သူ(LIOH)တို့က ပူးပေါင်းကူညီပေးခဲ့ကြပြီး SNLD မြေယာနှင့်သယံဇာတအဖွဲ့ဝင်များ တက်ရောက်ရေးဆွဲခဲ့ကြပါသည်။

Continue Reading

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်) ကျင်းပပြုလုပ်

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)ကို ၂၀၁၈ ဇူလိုင်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)၌ ကျင်းပခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲအား ၂၀၁၈၊ မေလ ၂၆၊ ၂၇၊ ၂၈ တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ အဆက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲကို လူထုဆန္ဒကိုအခြေခံ၍ ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ညီညွတ်ရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်ဟူသည့် ရည်ရွယ်ချက်သုံးရပ်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

Continue Reading

ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ (ရန်ကုန်)သို့ တင်သွင်းသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အမြင်သဘောထားစာတမ်း

ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ (ရန်ကုန်)သို့ တင်သွင်းသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အမြင်သဘောထားစာတမ်း (လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြည်သူများ၏ အခန်းကဏ္ဍ)

Continue Reading

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၄ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲတွင် ထနောင်းတိုင်ကျေးရွာအုပ်စု စည်းရုံးရေးတာဝန်ခံ ကိုပြည့်ဖြိုးဝင်းက ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကိုလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မအိသဉ္ဇာမောင်ကလည်းကောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင် ဦးမျိုးဟန်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဒေသခံလူငယ်များနှင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ပါသည်။

Continue Reading