မြောက်ဦးဒေသ စစ်မဲ့ဇုန်သတ်မှတ်ရေး အပါအဝင် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းရန် အဖွဲ့အစည်း ၁၀ဝ ကျော်တောင်းဆို

Mon, 2019-06-03 04:18, စံတော်ချိန်သတင်းစာ ရခိုင်ပြည်နယ် မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ကြေညာပေးရန်အပါအဝင် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများအား ရပ်ဆိုင်း ပေးရန် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်က ဇွန် ၂ ရက်တွင် တောင်းဆိုလိုက်သည်။ ”ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်၊ စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အဖွဲ့အစည်း ပေါင်း ၁၀ဝ ကျော်၏ ပူးတွဲသဘော ထားထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသဘောထား ကြေညာချက်တွင် တစ်ပြည်လုံးထိုး၊ တိုက်စစ်၊ စစ်ရေးလှုပ်ရှားမှုများအားလုံး (တပ်မတော်ဘက်က အစပြုပြီး) ရပ်ဆိုင်းရန်၊ ဃြဗ […]

Continue Reading

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့ဝင်များ၏ မြောက်ဦးဒေသခရီးစဉ်

၂၀၁၉၊ ဇွန် ၂၀၊ မြောက်ဦး။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် အဖွဲ့ဝင်များသည် ၂၀၊ ၆၊ ၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်းနှင့် မြို့သစ်ဘကကျောင်းတို့ရှိ စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ စခန်းတာဝန်ခံဆရာတော်များနှင့် စစ်ဘေးဒုက္ခသည်များက ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စားသောက်နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲများ၊ ဘောင်းဒွတ်ကျေးရွာအတွင်း လက်နက်ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေများကို ရှင်းပြခဲ့ကြပါသည်။နေ့လည်ပိုင်းတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များက မြောက်ဦးဒေသ၏ ထူးခြားချက်များ၊ မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်နိုင်စေရန် ကြိုးစားဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အတားအဆီး၊ အခက်အခဲများ၊ လက်ရှိ စစ်ရေးအခြေအနေကြောင့် အမွေအနှစ်စာရင်းဝင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်နေကြောင်းတို့ကို ရှင်းပြခဲ့ကြပါသည်။ ထို့နောက် […]

Continue Reading

ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်ဆိုတဲ့ လေ့လာရေးခရီးစဉ်

၂ဝ၁၈ ဒီဇင်ဘာကနေ ၂ဝ၁၉ ဧပြီလကုန်အထိ မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲပေါင်း ၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ၁ဝ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ကမာရွတ်မီဒီယာ ၂၇၊ ဇွန်၊ ၂၀၁၉။

Continue Reading

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နိုင်ငံရေးစကားဝိုင်း DVB သတင်းဌာန၏ ဖော်ပြချက်

၂၊ ဇွန်၊ ၂၀၁၉ နေ့တွင် ပြုလုပ်ကျင်းပသော ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် စကားဝိုင်းဆွေးနွေးပွဲ DVB သတင်းဌာန၏ သတင်းဖော်ပြချက်

Continue Reading

ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့၏ သမ္မတထံအိတ်ဖွင့်ပေးစာ

၂၀၁၉၊ ဇွန်လ ၂၇ ရက်။ ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းသို့ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ၊ လွှတ်တော်၊ စစ်ဘေးဒုက္ခသည်တွေ၊ ဒေသခံပြည်သူလူထုတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ခရီးစဉ်တွေ့ရှိချက်များကို ၂၀၁၉၊ ဇွန် ၂၇ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါသည်။

Continue Reading

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲ သဘောထားထုတ်ပြန်ချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပပြုလုပ်သည့် စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှ နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၃ ဖွဲ့က သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသည်။၂၂၊ ၆၊ ၂၀၁၉။

Continue Reading

စစ်ပွဲချက်ချင်းရပ်ရန် တောင်းဆို

ဖဒူ ထွန်းအောင်/DMGဇွန်လ ၂၊ စစ်တွေ တပ်မတော်က ဦးစွာအစပြုပြီး ရခိုင်ပြည်နယ်အပါအဝင် တစ်ပြည်လုံးတွင် ထိုးစစ်ရပ်စဲကြောင်း ကြေငြာပေးရန် ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” နိုင်ငံရေးစကားဝိုင်းတွင် ပါတီနှင့် နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်ခန့်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။ ရခိုင်ပြည်သူများ နေ့စဉ်ခံစားနေကြရသည့် ဒုက္ခများအပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် မြောက်ဦးဒေသအား စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံး သတ်မှတ်ကြေငြာပေးရန်လည်း အစိုးရနှင့်တပ်မတော်ကို တောင်းဆိုထားသည်။ တပ်မတော်ဘက်က စစ်ရပ်စဲရန်လိုအပ်သကဲ့သို့ ရက္ခိုင့်တပ်တော်(AA)အနေဖြင့်လည်း စစ်ရပ်စဲကြောင်း ကြေငြာပေးရန် ၎င်းတို့ကတောင်းဆိုသည်။ ရခိုင်အပါအဝင် တိုင်းရင်းသားအားလုံးက စစ်ရေးအရ တိုက်ခိုက်နေခြင်းမှာ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြရသော နိုင်ငံရေးပြဿနာကြောင့် ဖြစ်သည်ဟု ၎င်းတို့က ရှုမြင်ကြသည်။ ထို့ကြောင့် […]

Continue Reading

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နိုင်ငံရေးဆွေးနွေးပွဲ လက်ကမ်းစာစောင်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပမည့် စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နိုင်ငံရေးဆွေးနွေးပွဲ လက်ကမ်းစာစောင်

Continue Reading