ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့ဝင်များ၏ မြောက်ဦးဒေသခရီးစဉ်
၂၀၁၉၊ ဇွန် ၂၀၊ မြောက်ဦး။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် အဖွဲ့ဝင်များသည် ၂၀၊ ၆၊ ၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်းနှင့် မြို့သစ်ဘကကျောင်းတို့ရှိ စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ စခန်းတာဝန်ခံဆရာတော်များနှင့် စစ်ဘေးဒုက္ခသည်များက ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စားသောက်နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲများ၊ ဘောင်းဒွတ်ကျေးရွာအတွင်း လက်နက်ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေများကို ရှင်းပြခဲ့ကြပါသည်။နေ့လည်ပိုင်းတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များက မြောက်ဦးဒေသ၏ ထူးခြားချက်များ၊ မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်နိုင်စေရန် ကြိုးစားဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အတားအဆီး၊ အခက်အခဲများ၊ လက်ရှိ စစ်ရေးအခြေအနေကြောင့် အမွေအနှစ်စာရင်းဝင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်နေကြောင်းတို့ကို ရှင်းပြခဲ့ကြပါသည်။ ထို့နောက် […]
Continue Reading
