ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By Shwe Yee, on May 8th, 2019
ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲကို ၂၀၁၉၊ မေလ၊ ၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနာတွင် ၁၉၆၂၊ ၁၉၇၄-၇၅၊ ၁၉၈၈၊ ၁၉၉၆ ကျောင်းသားသမဂ္ဂမျိုးဆက်များက ၎င်းတို့၏ သဘောထားအမြင်များကို တင်ပြခဲ့ကြပါသည်။ DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်း ၁၉၇၄-၇၅ ကျောင်းသားများကိုယ်စား တခုတည်းသော ဗကသများအဖွဲ့ချုပ် ဖြစ်ထွန်းပေါ်ပေါက်ရေး သဘောထားအမြင်နှင့် လုပ်ဆောင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
By Shwe Yee, on May 7th, 2019
ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များသည် မေလ ၇ ရက်နေ့တွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဘက်များက ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲမှ စုစည်းရရှိချက်များ၊ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ပါတီတာဝန်ရှိသူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရ ပြောင်းလဲရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
By Shwe Yee, on May 5th, 2019
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ လူငယ်စွမ်းရည်မြှင့်တင်ရေး Youth Training Center (YTC) သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ မေ ၅ ရက်နေ့ ညနေပိုင်းတွင် SYCB ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မိတ်ဖက်လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားလူငယ်အင်အားစုများ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ ကျောင်းသားဟောင်းနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုမျိုးစောတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးတိုးတိုးထွန်းက အမှတ်တရစကား ပြောကြားရာတွင် SYCB ၏ သမိုင်းကြောင်း၊ မူဝါဒနှင့် ဦးတည်ချက် လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာပုံ၊ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သွေးစည်းချစ်ကြည်ရေး၊
By Shwe Yee, on May 5th, 2019
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ အလုပ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးငွေလင်း၊ ရန်ကုန်တိုင်း အလုပ်သမားရေးရာကော်မတီဝင် ဦးမျိးထွဋ်တို့သည် ၂၀၁၉၊ မေလ ၅ ရက် နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ တို့မျိုးဆက်ကွန်ရက်ရုံးသို့ သွားရောက်၍ We Generation Network၊ All Myanmar Trade Unions Network တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အလုပ်သမားဥပဒေများ၏ အားနည်းချက်ကြောင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာနေရမှုများ၊ အလုပ်သမားထု သွေးစည်းညီညွတ်မှုဖြင့် အလုပ်ရှင်နှင့် အာဏာပိုင်တို့၏ မတရားဖိနှိပ်မှုများအား ခုခံကာကွယ်ပြီး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရသည့်အခြေအနေများ စသည့် အလုပ်သမားရေးရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
By Shwe Yee, on May 1st, 2019
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၁၂၉ နှစ်မြောက် မေဒေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သစ္စဝါဒီကျောင်းတိုက်၌ ၂၀၁၉၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အလုပ်သမားသမဂ္ဂများမှ ရဲဘော်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သူများ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ၁၉၇၄ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ CCTU၊ SDUF၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်၍ ဂုဏ်ပြူအမှတ်တရစကားပြောကြားပြီး သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီဝင်များလည်း အခမ်းအနားတက်ရောက်ခဲ့ကြပြီး ကော်မတီတာဝန်ခံ ဦးငွေလင်းက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ဦးငွေလင်းက မေဒေးအမှတ်တရစကား ပြောကြားရာတွင် “ယနေ့ကာလသည် အလုပ်သမားအခြေခံအခွင့်အရေးများပင် မရကြသေးသည့် အခြေအနေဖြစ်ကြောင်း၊ လက်ရှိပြဋ္ဌာန်းထားသည့်
By Shwe Yee, on May 1st, 2019
၂၀၁၉ ခုနှစ် မေလ (၁)ရက်နေ့တွင်ကျရောက်သည့် ၁၂၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် တို့မျိုးဆက်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီတို့မှ ဦးစီးကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မေဒေးနေ့ အမှတ်တရစကားပြောကြားရာတွင် အလုပ်သမားအခွင့်အရေးများရရှိရန်အတွက် အစိုးရကို အားကိုးနေ၍မရကြောင်း၊ မိမိတို့အခွင့်အရေးအတွက် မည်သူ့ကိုမျှ အားကိုး၍ မရနိုင်ဘဲ မိမိတို့ဘာသာ တိုက်ယူရမည်ဖြစ်သဖြင့် အလုပ်သမားထု သွေးစည်းညီညွတ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သေးသည့်အခြေအနေ မဟုတ်ကြောင်း၊ အလုပ်သမားအခွင့်အရေးတိုက်ပွဲများသည် ဒီမိုကရေစီရေးရုန်းကန်မှုနှင့်
By Shwe Yee, on May 1st, 2019
10.-DPNS-Felicitation-Letter-for-129th-Mayday-Ceremony
|