ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ် ပြုလုပ်

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ်ကို ၂၀၁၉၊ မေလ၊ ၁၇ ရက် နေ့လည်ပိုင်းတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ရေး၊ စီးပွါးရေး၊ စိုက်ပျိုးရေး အခြေအနေများ၊ စစ်ဘေးဒုက္ခသည်များ၏ အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အင်အားကြီးနိင်ငံများ၏ သြဇာသက်ရောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၊ Burma Monitor ၊ ရန်ကုန်လူငယ်ကွန်ရက်ခေါင်းဆောင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဖြူစင်အလင်းရောင် ပညာဒါနကျောင်းတွင် လက်ရှိ ပညာရေးနှင့် နိုင်ငံရေးအခြေအနေများ မျှဝေပြောကြား

၂၀၁၉၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင် ပညာဒါနကျောင်းမှ ကျောင်းသူကျောင်းသားများအား DPNS ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်နှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် နိုင်ငံရေးအခြေအနေများကို မျှဝေပြောကြားခဲ့သည်။ ပညာသင်ကြားသည်နှင့် တပြိုင်နက်တည်းတွင် နိုင်ငံကို ချစ်ခင်တန်ဖိုးထားရန်၊ တိုင်းပြည်အကျိုး သည်ပိုးဆောင်ရွက်နိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ်

M လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့ဖြစ်သည့် မေလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။ ပေါင်းတည်၊ ဇီးကုန်း၊ သဲကုန်းမြို့နယ်တို့ရှိ DPNS ရဲဘော်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ပြည်တက္ကသိုလ် ဗကသများအဖွဲ့ချုပ်၊ လေ့လာသူများ၊ အခြား တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်..

[လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် – ၂/၂၀၁၉] တန်းတူမှု(Equality)ဆိုတာ လူ့အဖွဲ့အစည်းတခုမှာ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့လူ့အဖွဲ့အစည်းတခုမှာ တန်းတူမှုဟာ ပို၍ပင် မရှိမဖြစ် လိုအပ်ပါတယ်။ တန်းတူမှုဆိုရာမှာ ဘာသာရေးအရ၊ လူမျိုးရေးအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအရ ခွဲခြားဆက်ဆံမှုမရှိဘဲ အခွင့်အရေးနဲ့ အခွင့်အလမ်းများ တန်းတူရည်တူရရှိဖို့ လိုအပ်ပါတယ်။ မေလ ၁၅ ရက်နေ့ည ၁၀းဝ၀ နာရီလောက်မှာ မျိုးချစ်ရဟန်းတော်များဆိုတဲ့အဖွဲ့နဲ့အတူ အရပ်သားအချို့က တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၄)ရပ်ကွက်နဲ့ (၁၀၆)ရပ်ကွက်ရှိ အစ္စလာမ်ရမ္မဒန် (ဥပုသ်)ကာလဝတ်ပြုဆုတောင်းရာနေရာတွေကို လူစုလူဝေးနဲ့ ပိတ်ဆို့တားမြစ် နှောက်ယှက်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာ အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ကြီးရက်ကြီးအခါကြီးဖြစ်တဲ့ ရမ္မဒန်ဥပုသ်ကာလတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မေလ ၈ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈) […]

Continue Reading

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ်

မေလ ၁၅ ရက်နေ့ နံနက် ၅းဝ၀ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသားများ၏ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သတင်းရယူနေသော သတင်းထောက်တဦးအပါအဝင် လူငါးဦးဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကြားသိရပါသည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေးပြဿနာ၊ တောင်သူလယ်သမားများ ဒေသခံလူထုများ ဆုံးရှုံးနစ်နာနေရသည့် ပြဿနာ၊ ကျောင်းသားများ၏ ပညာရေးဆုံးရှုံးနေရမှုပြဿနာ၊ ပြည်တွင်းစစ်ဖြစ်နေသော ဒေသများရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံးထိခိုက်နေရမှုပြဿနာ၊ ပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး မလုံလောက်မှုစသည့် ပြဿနာပေါင်းစုံ တိုး၍တိုး၍ လာနေပါသည်။ အဆိုပါ ပြဿနာများကို အစိုးရတရပ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းခြင်း […]

Continue Reading

ဇီးကုန်း၊ သဲကုန်း၊ ပေါင်းတည် ပါတီဝင်များနှင့် တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ၂၀၁၉၊ မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ပါတီ၏ နိုင်ငံရေးဦးတည်ချက် ၅ ရပ်၊ ပါတီတည်ဆောက်ရေး ရည်မှန်းချက် ၅ ရပ်၊ လတ်တလောလုပ်ငန်းစဉ် ၃ ရပ်တို့ကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် ပါတီလုပ်ငန်းစဉ်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်ကလည်းကောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဇီးကုန်း၊ သဲကုန်း၊ ပေါင်းတည်မြို့နယ်တို့မှ DPNS ရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ငြိမ်းချမ်းရေးဗိမာန်၌ ၂၀၁၉၊ မေလ ၁၀ ရက်နေနှင့် ၁၁ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ပထမ ရက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးသီချင်း သီဆိုဖွင့်လှစ်ခြင်း၊ ဂုဏ်ပြုအမှတ်တရစကား ပြောကြားခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ အမှတ်တရ ကဗျာရွတ်ဆိုခြင်း၊ ရသအစုံအဆန် ရေးသူဖတ်သူစုံဆန်ပွဲ အစီအစဉ်များဖြင့် လည်းကောင်း၊ ဒုတိယနေ့တွင် အမှတ်တရ ကဗျာများရွတ်ဆိုပြီး စာတမ်းများ ဖတ်ကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ […]

Continue Reading

ကိုကိုးကျွန်းပြန် ဦးတင်အောင်(ခ) စာရေးဆရာ ခမ်းဝင်း၏ ဈာပနအခမ်းအနား တက်ရောက်

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကိုကိုးကျွန်းပြန် ဦးတင်အောင်(ခ)အန်ကယ်ကြီး(စာရေးဆရာ ခမ်းဝင်း) (၁၉၄၂-၂၀၁၉)၏ ဈာပနအခမ်းအနားကို ၁၀၊ ၅၊ ၂၀၁၉ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့က ပန်းခြင်း၊ပန်းခွေများ ပေးပို့ပြီး လိုက်ပါပို့ဆောင် ဂါရဝပြုခဲ့ကြပါသည်။ ဦးတင်အောင်သည် ၁၉၆၅ ခုနှစ်တွင် တကြိမ်၊ ၁၉၈၉ ခုနှစ်တွင် တကြိမ် စစ်အာဏာရှင်တို့၏ နှစ်ကြိမ်တိုင်တိုင် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရပါသည်။ ၂၀၁၉၊ မေလ၊ ၈ ရက်နေ့တွင် ပြည့်မြောက်သည့် ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်မြောက်အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးရန် အလာလမ်းခရီး၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။

Continue Reading

ဆရာကြီးဒဂုန်တာရာ နှစ် ၁၀ဝ ပြည့် အခမ်းအနားသို့ ပေးပို့သည့် DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ

ဆရာကြီးဒဂုန်တာရာ နှစ် ၁၀ဝ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမ်ုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ ၁၀၊ မေ၊ ၂၀၁၉။

Continue Reading

SYCB ကျောင်းသားလူငယ်အဖွဲ့ လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB) အတွင်းရေးမှူး ကိုခွန်းထက်စိုးနှင့် ခေါင်းဆောင်များသည် ၂၀၁၉၊ မေလ၊ ၈ ရက် နေ့လည်ပိုင်းတွင် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအား ပါတီဌာနချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် SYCB ၏ စုဖွဲ့မှုအခြေအနေ၊ တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ လက်ရှိ လုပ်ဆောင်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီခေါင်းဆောင်များကလည်း ပါတီဖြတ်သန်းမှုသမိုင်းအကျဉ်းနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ SYCB ပိုမိုခိုင်မာအားကောင်းလာရေးအတွက် ဆောင်ရွက်သင့်သည်များကိုလည်း ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ SYCB ကို ၁၉၉၆ တွင် စတင် ထူထောင်ခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားလူငယ်အဖွဲ့ပေါင်း ၁၁ ဖွဲ့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

Continue Reading