၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံ

နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန်အတွက် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံပွဲကို ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့က စီစဉ်ကျင်းပခဲ့ပါသည်။ အခမ်းအနားကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြပြီး ၂၀၁၉၊ ဧပြီ ၅ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ ရာမကရစ်ရှနာခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Continue Reading

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေး တက်ရောက်

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေးကို ၂၀၁၉၊ ဧပြီလ ၁ ရက်နေ့က မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမည့် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်ဆိုင်ရာအခြေအနေများကို စာရေးဆရာများ၊ ပညာရှင်များက ဟောပြောခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှ အစည်းအဝေးသို့ ပေးပို့လာသည့် သဝဏ်လွှာများ၊ သဘောထားထုတ်ပြန်ချက်များကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ ညနေပိုင်းတွင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။ သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ပညာရှင်များ၊ မြစ်ဆုံဒေသခံများ၊ လူထုလူတန်းစား အလွှာအသီးသီးမှ တက်ကြွလှုပ်ရှားသူများ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။

Continue Reading