အခြေခံဥပဒေဆိုင်ရာ စကားဝိုင်းသို့ ဦးခွန်ထွန်းဦး(ဥက္ကဋ္ဌ- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၏ သဘောထားအမြင်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး ဖတ်ကြားတင်ပြ

“ဒီမိုကရေစီအနှစ်သာရ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆွေးနွေးပွဲသို့ ပေးပို့သည့် ဦးခွန်ထွန်းဦး(ဥက္ကဋ္ဌ- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၏ သဘောထားအမြင်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဖတ်ကြားတင်ပြခဲ့ပါသည်။၂၉၊ ၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်မြို့။

Continue Reading

ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေးစာအုပ် ဒုတိယအကြိမ် ပုံနှိပ် ထုတ်ဝေရခြင်းအကြောင်းကို ပါတီဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ရှင်းလင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေးစာအုပ် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေရခြင်းအကြောင်းကို ပါတီဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ရှင်းလင်းတင်ပြခဲ့ပါသည်။၂၉၊ ၄၊ ၂၀၁၉။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်မြို့။

Continue Reading

“ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေး” စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ဖြန့်ဝေခြင်း စာအုပ်မိတ်ဆက်ပွဲနှင့် “ဒီမိုကရေစီအနှစ်သာရ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရကို အာမခံသည့် အခြေခံဥပဒေ” နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လေ့လာရေးနှင့် သုတေသနဌာနက ပြုစုထားသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေး” စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ဖြန့်ဝေခြင်း စာအုပ်မိတ်ဆက်ပွဲနှင့် “ဒီမိုကရေစီအနှစ်သာရ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရကို အာမခံသည့် အခြေခံဥပဒေ” နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၉၊ ဧပြီ၊ ၂၉ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ စာအုပ်မိတ်ဆက်ပွဲတွင် ပါတီဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က စာအုပ်ထုတ်ဝေရခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြ၍ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ဤစာအုပ်၌ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပယ်ဖျက်သင့်၊ ပြင်ဆင်သင့်၊ ပြန်လည်စဉ်းစားသင့်၊ ဖြည့်စွက်သင့်သည့်သည့် ဥပဒေပုဒ်မများ၊ လက်တွေ့မဆောင်ရွက်သေးသည့် ဥပဒေပြဋ္ဌာန်းချက်များကို ဖော်ပြထားပါသည်။ ဒုတိယပိုင်းအစီအစဉ်အဖြစ် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၁၉၉၀ […]

Continue Reading

EC အစည်းအဝေး (၄/၂၀၁၉) ၏ လက်ရှိ နိုင်ငံရေးအခြေအနေ သုံးသပ်ချက်

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉) ၏ လက်ရှိ နိုင်ငံရေးအခြေအနေသုံးသပ်ချက် (၂၈၊ ၄၊ ၂၀၁၉) ၁။ လက်ရှိ NLD အစိုးရအနေအထားမှာတရုတ်၊ ရုရှတို့အပေါ် နိုင်ငံရေး၊ စီးပွားရေးတို့အရမှီခိုမှု အားကြီးနေခြင်း၊ ရခိုင်အရေးအကြောင်းပြုလျက် အနောက်အုပ်စုနှင့် ဆက်ဆံရေးလုံးဝနီးပါး ပြတ်တောက်နေခြင်း၊ ရခိုင်ပြည်၊ ရှမ်းပြည်အချို့ဒေသများ၊ ကချင်ဒေသအချို့၊ ကရင်ဒေသအချို့တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း၊ လူထု၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများစသည့် ကဏ္ဍအသီးသီးတွင် ဒီမိုကရေစီဘောင် ကျဉ်းကျုံ့လာမှု၊ တိုင်းပြည်တွင်း ကြီးမားသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းစဉ် ရပ်တန့်နေခြင်း၊ လွှတ်တော်တွင်း ၂၀ဝ၈ ပြင်ဆင်ရေးလုပ်ငန်း၏ တိုးတက်မှုအလားအလာနည်းခြင်း၊ မြစ်ဆုံဆည်စီမံကိန်းကိစ္စနှင့် ပတ်သက်၍ လူထု၏ ဆန့်ကျင်လှုပ်ရှားလာမှုများစသည်တို့ကိုတွေ့မြင်ရသည်။ ၂။ တိုင်းရင်းသားလူမျိုးစုများနှင့် နိုင်ငံရေးအင်အားစုများဝန်းကျင်တွင် အစိုးရနှင့် နိုင်ငံရေးအရွေ့အပေါ် ယုံကြည်မျှော်လင့်မှု အားနည်းခြင်း၊ စည်ပင်ရွေးကောက်ပွဲများ၌ […]

Continue Reading

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉)ကို ၂၀၁၉ ပြုလုပ်

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉)ကို ၂၀၁၉၊ ဧပြီ၊ ၂၈ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့၏ လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်တင်ပြချက်အပေါ် ကျန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ သင်တန်းများနှင့် စည်းရုံးရေးခရီးစဉ်များ၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေးနှင့် လုပ်ငန်းစဉ်များဆွေးနွေးပွဲအတွက် ပြင်ဆင်ထားရှိမှုများ အစရှိသည့် လတ်တလောဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

NLD အစိုးရ၏ သုံးနှစ်တာဆောင်ရွက်ချက်များ စကားဝိုင်း (ပထမပိုင်း)

NLD အစိုးရရဲ့ သုံးနှစ်တာဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစော၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့နဲ့အတူ မခင်ဖြူထွေးက ဆွေးနွေးတင်ပြထားပါတယ်။

Continue Reading

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဘယ်သူတွေ ကယ်တင်မှာလဲ

ဧရာဝတီ၊ ဧပြီ ၂၅၊ ၂၀၁၉ ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာတော့ ဧရာဝတီ မြစ်ဆုံစီမံကိန်း အရေးနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါက်တာမြင့်ဇော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးအောင်မိုးဇော် တို့နဲ့အတူ ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Continue Reading

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတက်ရောက်

သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဆရာဦးဝင်းတင်၏ နိုင်ငံရေးနှင့် စာပေအနုပညာနယ်ပယ်မှ လုပ်ဖော်ကိုင်ဘက်များက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

Continue Reading

ရုပ်တုဖြစ်သွားသော ဗိုလ်ချုပ်ကတိ” အစီရင်ခံစာမိတ်ဆက်ပွဲ တက်ရောက်

အသံအဖွဲ့က စီစဉ်ပြုလုပ်သည့် “ရုပ်တုဖြစ်သွားသော ဗိုလ်ချုပ်ကတိ” အစီရင်ခံစာမိတ်ဆက်ပွဲကို ၂၀၁၉၊ ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းက Myanmar Press Freedom Center ၌ ပြုလုပ်ခဲ့ပါသည်။ အစီရင်ခံစာ ပေါ်ပေါက်လာပုံကို အသံအဖွဲ့မှ တာဝန်ရှိသူများကလည်းကောင်း၊ ကရင်နီ သမိုင်းကြောင်းနှင့် လွိုင်ကော်မြို့၌ ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုနှင့် ပတ်သက်၍ ဖြစ်ပွါးခဲ့ရသည့် အခြေအနေများကို ကရင်နီလူငယ်ခေါင်းဆောင်များကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Continue Reading