ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ
သို့
ဥက္ကဋ္ဌ
ဒေသဆိုင်ရာ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီများ
စာအမှတ်။ ဌနခ / ရအက / ၂၀၁၅ / ၁
ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်း များအား အစီအစဉ်ရှိရှိ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့် အောက်ပါ တို့ကို ကြိုတင်ပြင်ဆင် စုဆောင်းထားနိုင်ရန် လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါလိုအပ်ချက်များအား အမြန်ဆုံး ဆောင်ရွက်နိုင်ရန် နှင့် (၃၁-၈-၂၀၁၅) ရက်နေ့ နောက်ဆုံးထား၍ ဌာနချုပ်ရှိ ပါတီအောင်နိုင်ရေးကော်မတီသို့ ပေးပို့နိုင်ရန် အကြောင်းကြားအပ်ပါသည်။
ပြင်ဆင်စုဆောင်းထားရန် အချက်အလက်များ –
၁။ မြို့နယ်မြေပုံ
၂။ ရပ်ကွက် – ကျေးရွာအုပ်စု စာရင်း
၃။ ရပ်ကွက် – ကျေးရွာအုပ်စု အလိုက် မဲဆန္ဒရှင်ဦးရေ (ကျား ၊ မ ၊ အသက်မွေးဝမ်းကျောင်း ၊ အကျိုးစီးပွားနှင့် လိုလားချက်၊ ပါတီထောက်ခံသူ/ အခြားထောက်ခံသူ / မဆုံးဖြတ်ရသေးသူ စသည်ဖြင့် ခန့်မှန်းဖေါ်ပြရန်)
၎။ မဲရုံစာရင်း နှင့် လိပ်စာ
၅။ ပြိုင်ဘက်နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများစာရင်း
၆။ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများစာရင်းနှင့် ၎င်းတို့နှင့် ပါတီ၏ ဆက်ဆံရေးအခြေအနေ
၇။ မဲရုံတိုင်းတွင် ပါတီ၏ မဲရုံကိုယ်စားလှယ်ထားရှိရန်အတွက် ရာထားသတ်မှတ်ထားသည့် စာရင်း (မူကြမ်း)
၈။ ပါတီနှင့် ဆက်ဆံရေးကောင်းမွန် ရင်းနှီးသည့် ဒေသခံ သတင်းမီဒီယာများ စာရင်း
၉။ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်း (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများ) နှင့် ယင်းတို့ကိုထင်ဟပ်စေသည့် ဓါတ်ပုံများ။
( ဇော်ဇော်ထွန်း )
အတွင်းရေးမှူး
ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
မိတ္တူ
ရုံးလက်ခံ။
Continue Reading