ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ယနေ့ကာလ မိမိတို့တိုင်းပြည်သည် အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ဟူသော အရေးကြီးလှသည့် နိုင်ငံရေးဖြစ်စဉ်ကို ရင်ဆိုင်၊ ဖြတ်သန်းနေကြရပေသည်။ ဤ အရေးကြီးလှသည့် ဖြစ်စဉ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီအား ချောချောမွေ့မွေ့ အာဏာ လွှဲအပ်ရေး၊ တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပွဲကြီး စစ်စစ်မှန်မှန်ကျင်းပနိုင်ရေး၊ လူထုအကျိုးနှင့် လည်းကောင်း ဒီမိုကရေစီစံနှုန်းနှင့်လည်းကောင်း သွေဖီခြားနားနေသော ၂၀၀၈ အခြေခံဥပဒေအစား ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အာမခံနိုင်သည့် အခြေခံဥပဒေသစ်တစ်ရပ်ကို လူထုဆန္ဒနှင့်အညီ ပြောင်းလဲ အစားထိုးနိုင်ရေး၊ ပြည်တွင်းစစ်မီးကို သက်ဆိုးရှည်စေမည့် လူမျိုးစုများအပေါ် တိုက်ခိုက်နေသည့်ထိုးစစ်များ ခြွင်းချက်မရှိရပ်ဆိုင်းပစ်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူမျိုးစုံပြည်သူလူထုကြီးအပေါ် နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဖိနှိပ်ချုပ်ချယ်နေသည့် ဥပဒေ များ၊ အပြုအမူများအားလုံး ခြွင်းချက်မရှိ ရပ်ဆိုင်းဖျက်သိမ်းရေး စသည့် နိုင်ငံရေးတာဝန်များကို မဖြစ်မနေ အကောင်အထည် ဖော်ကြရလိမ့်မည် ဖြစ်ပေသည်။

Continue Reading

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပေါင်းတည်မြို့နယ် ဥက္ကဋ္ဌဟောင်း ရဲဘော်ဇော်နေမျိုးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ပေါင်းတည်မြို့နယ် ပါတီရဲဘော် ဇော်ကိုကိုနိုင်တို့၏ ဖခင်ကြီး ရဲဘော်ဘဆန်း(ခေါ်)ရဲဘော်ဇော်မြင့် အသက် (၇၇)နှစ် (နိုင်ငံ – ရေးအကျဉ်းသားဟောင်း) သည် ၃၊ ၁၂၊ ၂၀၁၅ နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ရဲဘော်တို့ မိသားစုဝင်များ နည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ရဲဘော်တို့ မိသားစု၏ မိမိတို့ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အစဉ်တစိုက် ချစ်မြတ်နိုးစွာ၊ တာဝန်ကျေပွန်ခဲ့မှုအား မိမိတို့ပါတီက ဂုဏ်ယူစွာ၊ မှတ်တမ်းတင်ပါကြောင်းလည်း အလေးအနက် ဖော်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဒီဇင်္ဘာလ၊ ၄ ရက်။

Continue Reading

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃/၂၀၁၅)

၂၀၁၅ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၃ ရက်။

၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏ (ပြည်ခရိုင် ပါတီစည်းရုံးရေး
ကော်မတီ ဒုတိယဥက္ကဋ္ဌ)နှင့် အတူ အခြားဒေသခံ တက်ကြွလှုပ်ရှားသူ (၄)ဦးအား ပြည်မြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ / ၁၉ တို့အရ ယနေ့ (၁၃၊ ၁၁၊ ၂၀၁၅)တွင် ထောင်ဒဏ် (၄)လ၊ (၆)လ စသည်ဖြင့် ပြစ်ဒဏ် ချမှတ်လိုက်ပါသည်။

၂။ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏသည် နိုင်ငံသားပြည်သူတစ်ဦး အခွင့်အရေးရှိသည့်အားလျော်စွာ
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်း PR စံနစ်ကိုကျင့်သုံးမည်ဆိုပါက မသင့်လျော်၊ လက်မခံနိုင်ကြောင်းဖြင့် အခြားဆန္ဒတူ တက်ကြွလှုပ်ရှားသူ (၄)ဦးနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ပြသသည့်အတွက် ယခုကဲ့သို့ အရေးယူ၊ ပြစ်ဒဏ်ပေးခံရခြင်း ဖြစ်ပါသည်။

၃။ အဆိုပါ ငြိမ်းစုစီ ဥပဒေပုဒ်မများမှာလည်း နိုင်ငံသားပြည်သူတို့၏ မူလပိုင်ခွင့်များနှင့်သော်လည်းကောင်း၊ တိုင်းပြည်၏ လက်ငင်း အခြေအနေအရပ်ရပ်နှင့်လည်းကောင်း မဆီလျော်၊ မလိုလားအပ်သော ဥပဒေပုဒ်မမျိုးများသာ ဖြစ်သည်ဟု မိမိတို့ ပါတီက အခိုင်အမာ ယုံကြည်ပါကြောင်း သတင်း ထုတ်ပြန်၊ ကြေညာအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)

Continue Reading

ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုပ်ရှားမှုနှင့်ပတ်သက်၍ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ပါတီအောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုများတွင် အားကြိုးမာန်တက် တာဝန်ထမ်းရွက်ခဲ့ကြသော ပါတီ၏ကိုယ်စားလှယ်လောင်းများ၊ ဒေသဆိုင်ရာစည်းရုံးရေးကော်မတီဝင်များ၊ မဲဆန္ဒနယ်မြေအလိုက် အောင်နိုင်ရေးကော်မတီဝင်များ၊ ပါတီဝင်ရဲဘော်များနှင့် ပါတီမိတ်ဆွေများအားလည်းကောင်း၊ ၀န်းရံ အားပေးခဲ့ကြသည့် ဒေသခံပြည်သူများနှင့် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များအားလည်းကောင်း၊ အောင်နိုင် ရေးရံပုံငွေနှင့် ရုပ်ဝတ္တုပစ္စည်းများ ထည့်ဝင်ကူညီပံ့ပိုးခဲ့ကြသည့် အလှူရှင်များအားလည်းကောင်း၊ မိမိတို့ ပါတီ၏ ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်စွာ ဆန္ဒပြုမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအား လည်းကောင်း မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ကျေဇူးတင်ရှိပါကြောင်း ဖေါ်ပြ၍ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

Continue Reading

၂၀၁၅ နိုဝင်ဘာ (၈) ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲရလဒ်များ

  စဥ် ကိုယ်စားလှယ်လောင်းအမည် မဲဆန္ဒနယ်မြေ NLD ရမဲ USDP ရမဲ DPNS ရမဲ ၁။ ဒေါ်နှင်းနှင်းမွှေး မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) ၁၆၂၂၇၈ ၄၃၂၈၇ ၂၃၅၉ ၂။ ဦးမျိုးလွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ၇၆၀၅၁ ၄၀၃၂၉ ၁၈၉၈ ၃။ ဦးထွန်းရွှေ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၁၇၁၃၅၄ ၁၂၀၆၅၇ ၁၆၃၆ ၄။ ဦးထွန်းအောင်ကျော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) ၁၁၇၇၀၇ ၂၁၂၂၀ ၂၀၆ ၅။ ဒေါ်တင်တင်ချို မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် […]

Continue Reading

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆/၂၀၁၅)

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်

သဘောထား ထုတ်ပြန်ချက်

၁။ သာယာဝတီ အကျဉ်းထောင်အတွင်း ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် တောင်းဆိုချက်ဖြင့် (၂၃၊ ၁၀၊၂၀၁၅)နေ့မှ စတင်လျက် အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ကြောင်း ကြားသိ ရပါသည်။

၂။ ယနေ့ကာလတွင် မိမိတို့တိုင်းပြည်သည် အထွေထွေရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးကြရေး၊ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး စသည့် အရေးကြီးသောဖြစ်စဉ်များကို အကြိုဖြတ်သန်းနေကြရသည့်ကာလ ဖြစ်ပေသည်။
ဤဖြစ်စဉ်အတွင်း နိုင်ငံသားပြည်သူတိုင်း လွတ်လပ်စွာပါဝင်ခွင့်ရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက် မရှိလွှတ်ပေးရန် တောင်းဆိုချက်သည် ဆီလျော်၊ မှန်ကန်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်သည်။ လေးလေး နက်နက် ထောက်ခံအပ်ပါသည်။

၃။ နိုင်ငံအစိုးရနှင့် အဆင့်ဆင့်သော တာဝန်ရှိသူတို့အနေဖြင့် သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေ သည့် ဗကသရဲဘော် ကိုအောင်မှိုင်းဆန်းကို သားသမီးချင်း စာနာမှုဖြင့်လည်းကောင်း၊ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့် အပေါ် လေးစားမှုဖြင့်လည်းကောင်း၊ ဒီမိုကရေစီကျင့်ဝတ်အရလည်းကောင်း သွားရောက်၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုပြုပါရန် မိမိ
တို့ပါတီက တိုက်တွန်း၊ တောင်းဆိုအပ်ပါသည်။

၎။ အစာငတ်ခံဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးနှင့် အသက်ဘေးရန် အရပ်ရပ်တို့ ကင်းပ လုံခြုံစေရေး၊ ဆိုးဝါးသောအကျိုးဆက်များ မဖြစ်ပွားစေရေးတို့အတွက် အကျဉ်းထောင်တာဝန်ရှိသူ အဆင့်ဆင့်အပါအဝင် နိုင်ငံသားပြည်သူ များအားလုံး၊ ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းနှင့် အင်အားစုအသီးသီးကပါ ဝိုင်းဝန်း ဝန်းရံ၊ စောင့်ရှောက် ကူညီ ကြပါရန်လည်း မိမိတို့ပါတီက နှိုးဆော်၊ မေတ္တာရပ်ခံအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅)

၁။ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် သပိတ်တိုက်ပွဲ ဆင်နွှဲ၍ တောင်းဆိုနေကြသည်ကို သိရှိရပါသည်။

၂။ သပိတ်တိုက်ပွဲဝင်အလုပ်သမားများ၏ တောင်းဆိုချက်များသည် အခြေခံကျ၍ တရားမျှတသော တောင်းဆိုမှုများဖြစ်ပြီး၊ အဆိုပါတောင်းဆိုမှုအပေါ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။

၃။ အထည်ချုပ်လုပ်ငန်းရှင်ဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း မိမိတို့အခြေခံရပိုင်ခွင့်အတွက် ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ သပိတ်လက်နက်ကိုင်စွဲ၍ တောင်းဆိုနေသော အလုပ်သမားများအပေါ် အကြမ်းဖက်တားဆီး၊ နှိမ်နင်းခြင်း များ လုံးဝမပြုလုပ်ဘဲ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လေးလေးစားစား စေ့စပ်၊ ဆွေးနွေးညှိနှိုင်း ဖြေရှင်း ပေးကြပါရန် မိမိတို့ပါတီက လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။

၎။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသောလူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ရက်ရှည် သပိတ်တိုက်ပွဲဝင်နေ ကြသည့် ဟန်ဂျင်း အထည်ချုပ်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝိုင်းဝန်း ဝန်းရံ၊ ထောက်ခံ ကူညီပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

မိမိတို့ပါတီကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ ယနေ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ တွင် (၂၇) နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။

ပါတီ၏ (၂၇)နှစ်တာ သမိုင်းတလျောက်တွင် ” ပြည်သူသာအမိ ပြည်သူသာအဖ ” ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူတို့၏အကျိုးကို နယ်မြေဒေသအသီးသီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သယ်ပိုးထမ်းရွက်ခဲ့ကြသော ပါတီဝင်ရဲဘော်အသီးသီးကို ပါတီက အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဖြတ်သန်းကြရတော့မည် ဖြစ်ပါ သည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေရင်ဆိုင်ကြရမည့် နိုင်ငံရေးတာဝန်များ သို့မဟုတ် စိန်ခေါ်ချက်များ ရှိနေသည်ဟု မိမိတို့ပါတီက အလေးအနက်ယုံကြည်ပါသည်။

တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို အခိုင်အမာ ရရှိစေရန် ဆောင်ရွက်ရေး၊
 အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူဆွေးနွေးကာ အင်အားစုအားလုံးက လက်ခံသဘောတူပြီး ပြည် သူတရပ်လုံးကပါ ထောက်ခံအတည်ပြုသည့် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက် (National Accord) တရပ် ချမှတ်ရေး၊
 ၎င်းသဘောတူညီချက်နှင့်အညီ တိုင်းပြည်တွင် ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းသွားရေး၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးတို့ကို အပြည့်အ၀ အာမခံ သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို အခိုင်အမာ တည်ဆောက်ရေး၊
စသည့် လုပ်ငန်းတာဝန်များကို ဆက်တိုက်ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုနိုင်ငံရေးတာဝန်များသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်နေသည့် တာဝန်များဖြစ်ပြီး နိုင်ငံသားတိုင်းက လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့် အပြည့်အ၀ရရှိကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

သို့အတွက် အစိုးရအနေဖြင့် အင်အားစုတိုင်းလွတ်လပ်စွာပါဝင်ခွင့်ကို အကန့်အသတ်အတားအဆီးဖြစ်နေ သည့် အရာမှန်သမျှကို ဖယ်ရှားပေးရန်နှင့် ပထမဦးဆုံးခြေလှမ်းအဖြစ် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၊ အလုပ် သမားများ၊ လယ်သမားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် မိမိတို့ ပါတီက အလေးအနက် တောင်းဆိုပါသည်။

မိမိတို့ပါတီအနေဖြင့် အထက်ပါလုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်များအဖြစ်ခံယူပြီး မြန်မာနိုင်ငံနှင့် ပြည်သူတရပ်လုံး၏အကျိုးကို မျက်နှာမူကာ ရည်ရွယ်ချက်တူအင်အားစုများ၊ လူပုဂ္ဂိုလ်များ၊ လူမျိုးစုံပြည်သူများနှင့် လက်တွဲလျက် တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီ၏သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်။

Continue Reading

သတင်းစာနယ်ဇင်းများ မီဒီယာများနှင့် ပြောဆိုသည့်ကိစ္စ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သက်ဆိုင်ရာ ဒေသအောင်နိုင်ရေးကော်မတီဝင်များအနေဖြင့် သတင်းစာနယ်ဇင်းများ၊ မီဒီယာများနှင့် ဆက်သွယ်၍ အောင်နိုင် ရေး စည်းရုံးလှုံ့ဆော်မှုအခြေအနေ သတင်းထုတ်ပြန်ခြင်းများ၊ သဘောထားအမြင်များနှင့်ပတ်သက်သည့် အင်တာဗျူးများ အစရှိသည့်

Continue Reading