ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ဟောပြေချက်အစီအစဉ်

http://www.dpnsburmese.org/wp-content/uploads/2016/02/DPNS-Speech-for-Election.mp4

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်မြို့နယ်ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်းဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

ပြည်သူ့တိုးတက်ရေးပါတီ ပြည်မြို့နယ် အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်း သည် (၁၁၊ ၂၊ ၂၀၁၆) နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် မိသားစုဝင်များနည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီကဝမ်းနည်းသဝဏ်လွှာပေးပို့အပ်ပါသည်။ မိမိတို့ ပါတီအပေါ်၌လည်းကောင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ဗမာပြည်သူလူထုကြီးအပေါ်၌လည်းကောင်း တည်ငြိမ် ရဲရင့်စွာ စွဲမြဲ ခိုင်ကြည်ခဲ့သည့် မိတ်ကောင်းဆွေမွန် ပီသသော သစ္စာစောင့်သိမှုများနှင့် တာဝန်သိသိ ဆောင်ရွက်ခဲ့မှုများအတွက် မိမိတို့ ပါတီက အစဉ် ဂုဏ်ယူ၊ မှတ်တမ်း တင်ထားမည် ဖြစ်ပါကြောင်းလည်း ဂုဏ်ပြု၊ ဖော်ပြအပ်ပါသည်.။

ပါတီဆိုင်းဘုတ်ကို ပြင်ဆင်ပြောင်းလဲပေးရခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းချက် သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၆)

ရက်စွဲ၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရိလ (၂၃)ရက်။ မိမိတို့ပါတီသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် အကြိမ်ကြိမ်ဆွေးနွေးပြီး တည် ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ခဲ့ရာ ၂၄၊ ၁၀၊၂၀၁၄ ရက်နေ့တွင် မှတ်ပုံတင် အမှတ် (၇၇) ဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။ ၁၀၊ ၁၁၊၂၀၁၄ ရက်နေ့တွင် ဋ္ဌာနချုပ်ရုံးခန်းဖွင်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲကို ကျင်းပကာ မိမိတို့၏ ဋ္ဌာနချုပ်ရုံးတွင် မိမိတို့၏ပါတီဆိုင်းဘုတ်ကို မိမိတို့ ဆန္ဒသဘောထားနှင့်အညီ တင်ခဲ့ကြပါသည်။ မိမိတို့ပါတီ၏ တိုင်းဒေသကြီးရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် ရပ်ကျေးရုံးများကိုလည်း ဒေသဆိုင်ရာကော်မရှင်ရုံးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လုပ်ထုံး လုပ်နည်းများနှင့်အညီ အကြောင်းကြားလျက် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့ကြပါသည်။ ၂၊ ၇၊၂၀၁၅ ရက်နေ့တွင် နိုင်ငံရေးပါတီတခု၏ တိုင်တန်းချက်အရ ဟုဆိုကာ မိမိတို့ပါတီ၏ဆိုင်းဘုတ်တွင်ပါသည့် ကြယ်နေရာကို ပြောင်းလဲပေးရမည်ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်ပြီးအသုံးပြုနေပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၈ (ခ) နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိမိတို့ပါတီကို ညွှန်ကြားသည့်စာ လက်ခံရရှိခဲ့ပါသည်။ ယခုဆိုင်းဘုတ်အတိုင်း ဆက်လက်အသုံးပြုသွားလိုကြောင်းနှင့် ကော်မရှင်အနေဖြင့် အကြောင်းကြားစာအပေါ် ပြန်လည်စဉ်းစားပေးစေလိုကြောင်း အကျိုးအကြောင်းခိုင်လုံစွာဖြင့် ပြန်ကြားစာတစောင်ကို ရေးသားကာ ၂၉၊ ၇၊၂၀၁၅ ရက် နေ့ နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် ပေးပို့ခဲ့ပါသည်။ သို့သော် မိမိတို့၏ တင်ပြချက်အား ပယ်ချ လျက် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်သာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာထပ်မံ ပေးပို့ခဲ့ပါသည်။ ၅၊ ၁၊၂၀၁၆ ရက်နေ့တွင် ကန့်ကွက်သည့်ပါတီနှင့် မိမိတို့ပါတီတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် အပြန်အလှန်တင်ပြခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ကြရမည့် အစား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိမိတို့ပါတီ၏ ဆိုင်းဘုတ်ကို ပြင်ဆင်ပေးရန်နှင့် ပြင်မပေးပါက ပါတီကို မတရားသင်းကြေညာသည်အထိ အရေးယူမည်ဟု တဖက်သတ် ပြောဆိုခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၎င်းပြောဆိုချက်သည် အပြန်အလှန်လေးစားမှု မရှိသည့်၊ အပြန်အလှန် အသိအမှတ်ပြုမှုမရှိသည့် လုပ်ရပ်ဖြစ်သည့်အပြင် တရားနည်းလမ်းမကျသည့် ဖြေရှင်းပုံ ဖြစ်သည်ဟု မိမိတို့ပါတီက သုံးသပ် ပါသည်။ ထိုသို့သုံးသပ်ယူဆမိသော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း မိမိတို့ပါတီ တရားဝင်ပါတီတရပ်အဖြစ် ဆက် လက်ရပ်တည်သွားနိုင်ရေးကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး ဆိုင်းဘုတ်မှကြယ်နေရာကို ပြင်ဆင်ပြောင်းလဲပေးရန် ပါတီ၏ သဘောဆန္ဒ လုံးဝမပါဘဲ စိတ်မသက်သာစွာဖြင့် ဆုံးဖြတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

ဥက္ကဌ၏ အဖွင့်အမှာစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဝက်ဆိုဒ်စာမျက်နှာမှ ကြိုဆိုပါရစေ ။

ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS ) က

* လွတ်လပ်မှု ကိုမြတ်နိုးတယ်၊ * တန်းတူမှုကို အလေးထားတယ်၊ * ပြည်သူတွေရဲ့သွေးစည်းညီညွတ်မှုနဲ့သာ

ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းအသစ်တွေကို စဉ်ဆက်မပြတ် တည်ထောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒီနိုင်ငံရေး ယုံကြည်မှုနဲ့ တန်ဘိုးတွေကိုကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အခုလဲ ကြိုးစားရုန်းကန်နေဆဲပါ၊ ရှေ့ဆက်ပြီးလည်း ဘယ်လို အခက်အခဲနဲ့ ဘယ်လို စိန်ခေါ်မှုတွေပဲတွေ့တွေ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်တယ်။ ကျွန်တော်တို့ ဝက်ဆိုဒ်စာမျက်နှာက ကျွန်တော်တို့ရဲ့ ဒီရုန်းကန်လှုပ်ရှားမူတွေ အတတ်နိုင်ဆုံးပေါ်လွင်အောင် ဖော်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။

ဝင်ရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

ဝေဖန်အကြံပြုမှုတွေကိုလည်း လေးစားစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့ လက်တွဲပြီး ငြိမ်းချမ်းတဲ့

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ယနေ့ကာလ မိမိတို့တိုင်းပြည်သည် အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ဟူသော အရေးကြီးလှသည့် နိုင်ငံရေးဖြစ်စဉ်ကို ရင်ဆိုင်၊ ဖြတ်သန်းနေကြရပေသည်။ ဤ အရေးကြီးလှသည့် ဖြစ်စဉ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီအား ချောချောမွေ့မွေ့ အာဏာ လွှဲအပ်ရေး၊ တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပွဲကြီး စစ်စစ်မှန်မှန်ကျင်းပနိုင်ရေး၊ လူထုအကျိုးနှင့် လည်းကောင်း ဒီမိုကရေစီစံနှုန်းနှင့်လည်းကောင်း သွေဖီခြားနားနေသော ၂၀၀၈ အခြေခံဥပဒေအစား ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အာမခံနိုင်သည့် အခြေခံဥပဒေသစ်တစ်ရပ်ကို လူထုဆန္ဒနှင့်အညီ ပြောင်းလဲ အစားထိုးနိုင်ရေး၊ ပြည်တွင်းစစ်မီးကို သက်ဆိုးရှည်စေမည့် လူမျိုးစုများအပေါ် တိုက်ခိုက်နေသည့်ထိုးစစ်များ ခြွင်းချက်မရှိရပ်ဆိုင်းပစ်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူမျိုးစုံပြည်သူလူထုကြီးအပေါ် နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဖိနှိပ်ချုပ်ချယ်နေသည့် ဥပဒေ များ၊ အပြုအမူများအားလုံး ခြွင်းချက်မရှိ ရပ်ဆိုင်းဖျက်သိမ်းရေး စသည့် နိုင်ငံရေးတာဝန်များကို မဖြစ်မနေ အကောင်အထည် ဖော်ကြရလိမ့်မည် ဖြစ်ပေသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်း သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပေါင်းတည်မြို့နယ် ဥက္ကဋ္ဌဟောင်း ရဲဘော်ဇော်နေမျိုးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ပေါင်းတည်မြို့နယ် ပါတီရဲဘော် ဇော်ကိုကိုနိုင်တို့၏ ဖခင်ကြီး ရဲဘော်ဘဆန်း(ခေါ်)ရဲဘော်ဇော်မြင့် အသက် (၇၇)နှစ် (နိုင်ငံ – ရေးအကျဉ်းသားဟောင်း) သည် ၃၊ ၁၂၊ ၂၀၁၅ နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ရဲဘော်တို့ မိသားစုဝင်များ နည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။ ရဲဘော်တို့ မိသားစု၏ မိမိတို့ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အစဉ်တစိုက် ချစ်မြတ်နိုးစွာ၊ တာဝန်ကျေပွန်ခဲ့မှုအား မိမိတို့ပါတီက ဂုဏ်ယူစွာ၊ မှတ်တမ်းတင်ပါကြောင်းလည်း အလေးအနက် ဖော်ပြအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ ဒီဇင်္ဘာလ၊ ၄ ရက်။

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃ / ၂၀၁၅)

၂၀၁၅ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၃ ရက်။ ၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏ (ပြည်ခရိုင် ပါတီစည်းရုံးရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ)နှင့် အတူ အခြားဒေသခံ တက်ကြွလှုပ်ရှားသူ (၄)ဦးအား ပြည်မြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ / ၁၉ တို့အရ ယနေ့ (၁၃၊ ၁၁၊ ၂၀၁၅)တွင် ထောင်ဒဏ် (၄)လ၊ (၆)လ စသည်ဖြင့် ပြစ်ဒဏ် ချမှတ်လိုက်ပါသည်။ ၂။ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏသည် နိုင်ငံသားပြည်သူတစ်ဦး အခွင့်အရေးရှိသည့်အားလျော်စွာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်း PR စံနစ်ကိုကျင့်သုံးမည်ဆိုပါက မသင့်လျော်၊ လက်မခံနိုင်ကြောင်းဖြင့် အခြားဆန္ဒတူ တက်ကြွလှုပ်ရှားသူ (၄)ဦးနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ပြသသည့်အတွက် ယခုကဲ့သို့ အရေးယူ၊ ပြစ်ဒဏ်ပေးခံရခြင်း ဖြစ်ပါသည်။ ၃။ အဆိုပါ ငြိမ်းစုစီ ဥပဒေပုဒ်မများမှာလည်း နိုင်ငံသားပြည်သူတို့၏ မူလပိုင်ခွင့်များနှင့်သော်လည်းကောင်း၊ တိုင်းပြည်၏ လက်ငင်း အခြေအနေအရပ်ရပ်နှင့်လည်းကောင်း မဆီလျော်၊ မလိုလားအပ်သော ဥပဒေပုဒ်မမျိုးများသာ ဖြစ်သည်ဟု မိမိတို့ ပါတီက အခိုင်အမာ ယုံကြည်ပါကြောင်း သတင်း ထုတ်ပြန်၊ ကြေညာအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)

ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုပ်ရှားမှုနှင့်ပတ်သက်၍ ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင်ခြင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ပါတီအောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုများတွင် အားကြိုးမာန်တက် တာဝန်ထမ်းရွက်ခဲ့ကြသော ပါတီ၏ကိုယ်စားလှယ်လောင်းများ၊ ဒေသဆိုင်ရာစည်းရုံးရေးကော်မတီဝင်များ၊ မဲဆန္ဒနယ်မြေအလိုက် အောင်နိုင်ရေးကော်မတီဝင်များ၊ ပါတီဝင်ရဲဘော်များနှင့် ပါတီမိတ်ဆွေများအားလည်းကောင်း၊ ၀န်းရံ အားပေးခဲ့ကြသည့် ဒေသခံပြည်သူများနှင့် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များအားလည်းကောင်း၊ အောင်နိုင် ရေးရံပုံငွေနှင့် ရုပ်ဝတ္တုပစ္စည်းများ ထည့်ဝင်ကူညီပံ့ပိုးခဲ့ကြသည့် အလှူရှင်များအားလည်းကောင်း၊ မိမိတို့ ပါတီ၏ ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်စွာ ဆန္ဒပြုမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအား လည်းကောင်း မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ကျေဇူးတင်ရှိပါကြောင်း ဖေါ်ပြ၍ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

၂၀၁၅ နိုဝင်ဘာ (၈) ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲရလဒ်များ

စဉ်

ကိုယ်စားလှယ်လောင်းအမည်

မဲဆန္ဒနယ်မြေ

NLD ရမဲ

USDP ရမဲ

DPNS ရမဲ

၁။

ဒေါ်နှင်းနှင်းမွှေး မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) ၁၆၂၂၇၈ ၄၃၂၈၇ ၂၃၅၉

၂။

ဦးမျိုးလွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ၇၆၀၅၁ ၄၀၃၂၉ ၁၈၉၈

၃။

ဦးထွန်းရွှေ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၁၇၁၃၅၄ ၁၂၀၆၅၇ ၁၆၃၆

၎။

ဦးထွန်းအောင်ကျော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆ / ၂၀၁၅)

သဘောထားထုတ်ပြန်ချက် (၆ / ၂၀၁၅) ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက် သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် ၁။ သာယာဝတီ အကျဉ်းထောင်အတွင်း ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် တောင်းဆိုချက်ဖြင့် (၂၃၊ ၁၀၊၂၀၁၅)နေ့မှ စတင်လျက် အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ကြောင်း ကြားသိ ရပါသည်။ ၂။ ယနေ့ကာလတွင် မိမိတို့တိုင်းပြည်သည် အထွေထွေရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးကြရေး၊ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး စသည့် အရေးကြီးသောဖြစ်စဉ်များကို အကြိုဖြတ်သန်းနေကြရသည့်ကာလ ဖြစ်ပေသည်။ ဤဖြစ်စဉ်အတွင်း နိုင်ငံသားပြည်သူတိုင်း လွတ်လပ်စွာပါဝင်ခွင့်ရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက် မရှိလွှတ်ပေးရန် တောင်းဆိုချက်သည် ဆီလျော်၊ မှန်ကန်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်သည်။ လေးလေး နက်နက် ထောက်ခံအပ်ပါသည်။ ၃။ နိုင်ငံအစိုးရနှင့် အဆင့်ဆင့်သော တာဝန်ရှိသူတို့အနေဖြင့် သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေ သည့် ဗကသရဲဘော် ကိုအောင်မှိုင်းဆန်းကို သားသမီးချင်း စာနာမှုဖြင့်လည်းကောင်း၊ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့် အပေါ် လေးစားမှုဖြင့်လည်းကောင်း၊ ဒီမိုကရေစီကျင့်ဝတ်အရလည်းကောင်း သွားရောက်၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုပြုပါရန် မိမိ တို့ပါတီက တိုက်တွန်း၊ တောင်းဆိုအပ်ပါသည်။ ၄။ အစာငတ်ခံဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးနှင့် အသက်ဘေးရန် အရပ်ရပ်တို့ ကင်းပ လုံခြုံစေရေး၊ ဆိုးဝါးသောအကျိုးဆက်များ မဖြစ်ပွားစေရေးတို့အတွက် အကျဉ်းထောင်တာဝန်ရှိသူ အဆင့်ဆင့်အပါအဝင် နိုင်ငံသားပြည်သူ များအားလုံး၊ ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းနှင့် အင်အားစုအသီးသီးကပါ ဝိုင်းဝန်း ဝန်းရံ၊ စောင့်ရှောက် ကူညီ ကြပါရန်လည်း မိမိတို့ပါတီက နှိုးဆော်၊ မေတ္တာရပ်ခံအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Page 20 of 25« First...10...1819202122...Last »